DVB Logo
Home
မြန်မာသတင်း
လားရှိုး-မူဆယ်လမ်းပေါ် ဆက်ကြေးကောက်မှုကြောင့် ကုန်တင်ကားများပြန်လှည့်၊ ကုန်ဈေးနှုန်းတက်
DVB
·
March 17, 2017
လားရှိုး-မူဆယ်လမ်းပေါ် ဆက်ကြေးကောက်မှုကြောင့် ကုန်တင်ကားများပြန်လှည့်၊ ကုန်ဈေးနှုန်းတက်
Donate to DVB

မတ်လ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့က လားရှိုး-မူဆယ်လမ်းပေါ်မှာ လက်နက်ကိုင်အဖွဲ့က ဆက်ကြေးကောက်၊ ဘီးဖောက်ခံရတာတွေကြောင့် မူဆယ်တက်မယ့်ကားတွေ ပြန်လှည့် လာသလို ကုန်စည်ဈေးနှုန်းတွေလည်း ခုန်တက်သွားတယ်လို့ မူဆယ်သစ်သီး ကုန်စည်ဒိုင်က ပြောပါတယ်။

ကုန်ကားတွေကို ဆပ်ကြေးကောက်ခံနေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို တပ်မတော် စစ်ကြောင်းတွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပေမယ့် ဒီနေ့မှာတော့  မူဆယ် ကုန်စည်ဒိုင်ကို ကုန်ကား အ၀င်နည်းသွားတဲ့အတွက် ဖရဲ၊ သခွား ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ မူဆယ်သစ်သီး ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးစိုင်းခင်မောင်က ပြောပါတယ်။

တိုက်ပွဲတွေ မဖြစ်ပွားခင်က  မူဆယ်ကုန်စည်ဒိုင်ကို နေ့စဉ် ဖရဲ၊ သခွား ကုန်ကား အစီးရေ ၈၀၀ ကျော် အ၀င်ရှိရာကနေ ဒီနေ့မှာတော့ ကုန်ကား အစီးရေ ၄၀၀ လောက်သာ ၀င်ရောက်လာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက ဖရဲသီး ၈၅၅ အမျိုးအစား တစ်တန်ကို တရုတ်ယွမ်ငွေ ၁,၈၀၀ ရရှိပြီး ဒီနေ့မှာတော့ တစ်တန်ကို တရုတ်ယွမ်ငွေ ၂,၂၀၀ ၀န်းကျင်နဲ့ အရောင်း အ၀ယ်ဖြစ်နေပါတယ်။

မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ခရိုင် အတွင်းက မုံးကိုးမြို့ကို  အခု မတ်လ ၆ ရက်နေ့က ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၉ ဦးသေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013