DVB Logo
Home
မြန်မာသတင်း
ကြိုးဆွဲချသေဆုံးခဲ့သည့် တာမွေ အထွေထွေအုပ်ချူပ်ရေး ဒုဦးစီးမှူးကို ယနေ့သင်္ဂြိုဟ်မည်
DVB
·
March 17, 2017
ကြိုးဆွဲချသေဆုံးခဲ့သည့် တာမွေ အထွေထွေအုပ်ချူပ်ရေး ဒုဦးစီးမှူးကို ယနေ့သင်္ဂြိုဟ်မည်
Donate to DVB

 

တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက် အဝေရာလမ်းမှာရှိတဲ့ မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန အုပ်ချူပ်မှူးရုံးမှာ မတ်လ ၁၅ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒုဦးစီးမှူး ဦးနေမျိုးဆွေ ကြိုးဆွဲချ သေဆုံးမှုကို တာမွေမြို့နယ်ရဲစခန်းက သေမှု၊ သေခင်း အမှတ်(၈/၂၀၁၇)နဲ့ အမှုဖွင့်ထားတယ်လို့ တာမွေရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၂၆ နှစ်အရွယ်ရှိပြီး အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရုံး ခြံဝင်းအတွင်းရှိ သူနေထိုင်တဲ့ လိုင်းခန်းအတွင်းမှာ ကြိုးဆွဲချသေဆုံးနေတာပါ။

“သေဆုံးသူရဲ့ရုပ်အလောင်းကိုတော့ တာမွေရဲစခန်း ရဲတပ်ဖွဲ့ဝင်တွေက ဆေးရုံကြီးကို ပို့ဆောင်ကာ ဆေးစစ်ချက်ရယူနေတာဖြစ်ပြီး လတ်တလောမှာ ဆေးစစ်ချက်နဲ့ပတ်သက်ပြီး တစုံတရာ အဖြေမရရှိသေးဘူး” လို့ တာမွေမြို့နယ် ရဲစခန်းက ပြောပါတယ်။

သေဆုံးသူရဲ့မိသားစုဝင်တွေဟာ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်မှာ နေထိုင်ပြီး သေဆုံးမှာ ညီအစ်ကိုမောင်နှမ ၇ ဦးရှိပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်းကိုတော့ ဒီနေ့ မတ်လ ၁၇ ရက်နေ့ မနက် ၁၀ နာရီက  ရေဝေးသုသာန်မှာ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013