DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်စနစ်​အောက်က လုံး​ဝလွတ်လပ်​ရေး​ ပူး​ပေါင်း​ကြရန် တိုက်တွန်း
DVB
·
January 4, 2012
Donate to DVB

မြန်မာပြည်ငြိမ်း​ချမ်း​ရေး​၊​ ဒီမိုက​ရေစီ​ရေး​နဲ့​ စစ်အာဏာရှင်စနစ်​အောက်က လုံး​ဝလွတ်​မြောက်​ရေး​ ပူး​ပေါင်း​ဆောင်ရွက်ကြဖို့​ ၆၄ နှစ်​မြောက် လွတ်လပ်​ရေး​နေ့​မှာ ဝါရင့်​နိုင်ငံ​ရေး​သမား​ကြီး​တွေက တိုက်တွန်း​လိုက်ပါတယ်။

ကိုလိုနီလက်​အောက်က မြန်မာနိုင်ငံ လွတ်​မြောက်​အောင် ကြိုး​ပမ်း​ရာမှာပါဝင်ခဲ့​ကြတဲ့​ ဝါရင့်​နိုင်ငံ​ရေး​ လုပ်​ဖော်ကိုင်ဖက်​တွေက ရန်ကုန်မြို့​ မရမ်း​ကုန်း​ သခင်သိန်း​ဖေ​နေအိမ်မှာ ဒီက​နေ့​မနက်က မိတ်ဆုံစား​ပွဲ ကျင်း​ပပြီး​နောက် ခုလို ​ပြောကြား​ခဲ့​တာပါ။

ဝါရင့်​နိုင်ငံ​ရေး​သမား​ကြီး​ ​ရွှေ​တောင် ဦး​အုန်းမောင်က “စစ်အာဏာရှင် စနစ်က​နေ လွတ်​မြောက်ဖို့​ ကျ​နော်တို့​ အမျိုး​သား​လွတ်လပ်​ရေး​၊​ ငြိမ်း​ချမ်း​ရေး​၊​ ဒီမိုက​ရေစီ​ရေး​တွေ အပြည့်​အဝ ရရှိ​ရေး​အတွက် ကျ​နော်တို့​အား​လုံး​ ပူး​ပေါင်း​ဆောင်ရွက် ကြဖို့​လိုပါတယ်” လို့​ ​ပြောပါတယ်။

ဝါရင့်​နိုင်ငံ​ရေး​သမား​ကြီး​ ဦး​ထွေး​မြင့်​က “ကျ​နော်တို့​ တဖြည်း​ဖြည်း​တွေ့​လာရတာက ကိုလိုနီနယ်ချဲ့​သမား​ထက်​တောင် ဆိုး​တဲ့​အ​ခြေအ​နေ တချို့​တွေ့​ရပါတယ်။ ဥပမာ ဗိုလ်​အောင်​ကျော်ကျဆုံး​တာဟာ နယ်ချဲ့​ကိုလိုနီ ဝါဒသမား​ အင်္ဂလိပ် ပုလိပ်တပ် က​နေပြီး​တော့​ ​သေနတ်နဲ့​ပစ်လို့​ ကျဆုံး​တာ မဟုတ်ဘဲ တုတ်နဲ့​ ရိုက်လို့​ ချက်​ကောင်း​ထိပြီး​ ကျဆုံး​ခဲ့​ရတယ်။ ​သေနတ်နဲ့​ ပစ်လို့​ ​သေတာမဟုတ်ဘဲ တုတ်နဲ့​ရိုက်လို့​ မြင်း​နဲ့​တိုက်လို့​ ကျဆုံး​ခဲ့​တာပါ။ ကျ​နော်​ပြောချင်တာက ဒီ​ခေတ်မှာ​တော့​ တုတ်နဲ့​တော့​ မရိုက်ပါဘူး​။ ​သေနတ်နဲ့​ ပစ်ပြီး​တော့​ စက်​သေနတ်နဲ့​တောင် ဆွဲတဲ့​ အ​ခြေအ​နေမျိုး​ ​ရောက်လာတာဟာ ကိုလိုနီနယ်ချဲ့​ သမား​ထက်​တောင် ဆိုး​တဲ့​ အ​နေအထား​မျိုး​ ​တွေ့​ရတဲ့​ အခါကျ​တော့​ အင်မတန် စိတ်မချမ်း​သာစရာ​တွေ ရှိပါတယ်” လို့ ပြောပါတယ်။

အခမ်း​အနား​ကို ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ တက်​ရောက်ခဲ့​ပြီး​ မြန်မာနိုင်ငံမှာ ဒီမိုက​ရေစီရဖို့​၊​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ရဖို့​နဲ့​၊​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေကို မပြင်ဆင်နိုင်စရာအ​ကြောင်း​ ဘာမှာမရှိတဲ့​ အ​ကြောင်း​နဲ့​၊​ နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​ ဆက်လက် ကြိုး​ပမ်း​သွား​မှာဖြစ်တဲ့​အ​ကြောင်း​ ​ပြောပါတယ်။

ဒါ့​အပြင် ကြုံ​တွေ့​နေရတဲ့​ ပြဿနာ​တွေကို ပြဿနာ​တွေလို့​မမြင်ဘဲ စိန်​ခေါ်မှု​တွေအဖြစ် မြင်တဲ့​အကြာင်း​၊​ စိန်​ခေါ်မှု​တွေကို အရှံး​မ​ပေး​ဘဲ ရင်ဆိုင်ပြီး​ လိုလား​တဲ့​ ပန်း​တိုင်​ရောက်​အောင် ​ဆောင်ရွက်သွား​မယ်လို့​လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​ခဲ့​ပါတယ်။

အခမ်း​အနား​ကို ဝါရင့်​နိုင်ငံ​ရေး​သမား​ကြီး​တွေအပြင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင်​တွေ၊​ ဦး​အေး​သာ​အောင်၊​ ပူကျင့်​ရှင်း​ထန်၊​ ဦး​သာဘန်း​၊​ နိုင်​ငွေသိန်း​ စတဲ့​ တိုင်း​ရင်း​သား​ ​ခေါင်း​ဆောင်​တွေနဲ့​ ၁၉၈၈ နဲ့​ ၉၆ မျိုး​ဆက်​ကျောင်း​သား​တွေ တက်​ရောက်ခဲ့​ကြပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အန်အယ်လ်ဒီပါတီက​တော့​ လွတ်လပ်​ရေး​နေ့​ အထိမ်း​အမှတ် အခမ်း​အနား​ကို နံနက် ၁၁ နာရီ​လောက်မှာ သီး​ခြား​ ကျင်း​ပပါတယ်။

လွတ်လပ်​ရေး​နေ့​ထုတ် အစိုး​ရပိုင် သတင်း​စာ​တွေမှာ​တော့​ သမ္မတဦး​သိန်း​စိန်က သူ့​ရဲ့​ အမည်​ရှေ့​မှာ အဂ္ဂမဟာ သ​ရေစည်သူ နဲ့​ အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့​အမည်​တွေနဲ့​ ​ဖော်ပြထား​ပြီး​ ပြည်​ထောင်စုမပြိုကွဲ​ရေး​။ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်မှု မပြိုကွဲ​ရေး​နဲ့​ အချုပ်အခြာအာဏာ တည်တံ့​ခိုင်မြဲ​ရေး​နဲ့​ ဒို့​တာဝန်အ​ရေး​သုံး​ပါး​ကို ထိန်း​သိန်း​ ကာကွယ်ကြပါလို့​ လွတ်လပ်​ရေး​ သဝဏ်လွှာမှာ တိုက်တွန်း​ထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013