DVB Logo
Home
မြန်မာသတင်း
တောင်ငူ နည်းပညာတက္ကသိုလ် ကျောင်းသားတဦး ကြိုးဆွဲချသေဆုံး
DVB
·
March 17, 2017
တောင်ငူ နည်းပညာတက္ကသိုလ် ကျောင်းသားတဦး ကြိုးဆွဲချသေဆုံး
1 / 4
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် နည်းပညာတက္ကသိုလ်က တတိယနှစ် ကျောင်းသားတဦး ကြိုးဆွဲချ သေဆုံးမှုတခု မတ်လ ၁၇ ရက် မနက် ၅ နာရီလောက်က ဖြစ်ပွားခဲ့ပါတယ်။

ကေတုမတီမြို့သစ် သ၀န်ငယ်ရပ်ကွက် ၁၂ လမ်းရှိ "ရွှေမြင့်မိုရ်" အမျိုးသားဘော်ဒါဆောင် အခန်း ၆ နေထိုင်တဲ့ တောင်ငူနည်းပညာတက္ကသိုလ်(EP) တတိယနှစ်ကျောင်းသား မောင်အောင်ဖြိုးဝေဟာ ဘော်ဒါဆောင်ရှိ အများသုံး ရေချိုးခန်းထုတ်တန်းမှာ လက်သန်းလုံးလောက်ရှိတဲ့ ပလတ်စတစ်သုံးပင်လိမ်ကြိုးနဲ့ ကြိုးဆွဲချသေဆုံးနေကြောင်း ဆယ်အိမ်မှူး ဦးဖိုးဇော်က ရဲစခန်းကို အကြောင်းကြားခဲ့တာလို့ မြို့သစ်နယ်မြေရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

အခင်းဖြစ်နေရာကို စခန်းမှူး ရဲအုပ်စိုးမင်းအောင်နဲ့အဖွဲ့က သွားရောက်စစ်ဆေးရာ မောင်အောင်ဖြိုးဝေကို ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ကြိုးဆွဲချ သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

“သေတဲ့ကလေးက အရက်သေစာလည်း မသောက်စားဘူး၊ သူငယ်ချင်း အပေါင်းအသင်းတွေလည်း မရှိဘူးလို့ သိရတယ်။ ဗလာစာရွက်နဲ့ သူရေးထားခဲ့တဲ့ သေတမ်းစာ အရကတော့ မိသားစုအိမ်တွင်းရေး ပြဿနာတွေကြောင့် အခုလိုလုပ်သွားတာဖြစ်လိမ့်မယ်” လို့ မြို့သစ်နယ်မြေရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

မောင်အောင်ဖြိုးဝေရေးခဲ့တဲ့စာထဲမှာ “အဖေနဲ့အမေ ဒီစာကိုဖတ်နေချိန်မှာ သားမရှိတော့ပါဘူး။ သားကိုခွင့်လွှတ်ပေးပါ။ အဖေနဲ့အမေ ပြီးတော့ တမိသားစုလုံးကို ချစ်ပါတယ်။ သားတနေ့ထက်တနေ့ လူ့လောကကြီးထဲမှာ နေရတာစိတ်ကုန်လာတယ်။ ဒါကြောင့် သားဒီလိုလုပ်ရတာပါ၊ သားကိုနားလည်ပေးပါ၊ ခွင့်လွှတ်ပေးပါ၊ မိသားစုရဲ့ ကျေးဇူးကို နောင်ဘ၀ အခွင့်သာမှပဲ ဆက်ခွင့်ရတော့မယ် ထင်ပါတယ်-----” စတာတွေ စာထဲမှာ ရေးထားပါတယ်။

သားကြီး(တောင်ငူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013