
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်တဲ့သူတွေဖြစ်တဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို ဒီကနေ့ မတ်လ ၁၇ ရက် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်နေပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံဖို့ ငွေကျပ်သိန်း ၁၀၀၀ နဲ့ စေခိုင်းသူမှာ တပ်မတော် ဒု-ဗိုလ်မှူးကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အောင်ဝင်းခိုင်ဟာ လွှတ်မြောက်နေဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီလလယ်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ်လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။










