DVB Logo
Home
မြန်မာသတင်း
ရခိုင်ကော်မရှင်အကြံပြုချက်များကို အချိန်မဆိုင်းဘဲ အကောင်အထည်ဖော်မည်
DVB
·
March 17, 2017
ရခိုင်ကော်မရှင်အကြံပြုချက်များကို အချိန်မဆိုင်းဘဲ အကောင်အထည်ဖော်မည်
Donate to DVB

ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အစိုးရထံတင်သွင်းမယ့်  ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်တွေနဲ့ပတ်သက်ပြီး အချိန်မဆိုင်းဘဲ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာကို ကြိုဆိုတဲ့အကြောင်း အစီရင်ခံစာပါ အကြံပြချက်တွေအပေါ် သဘောထားအမြင် တူညီတဲ့အကြောင်းနဲ့ တင်ပြချက်တွေဟာ အမျိးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရရှိစေမယ်လို့ ယုံကြည်တဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကော်မရှင် အကြံပြုချက်တွေ အများအပြားကို အချိန်မဆိုင်းဘဲ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပေမယ့် တချို့ကိစ္စတွေကတော့ ဒေသန္တရ အခြေအနေနဲ့ လိုက်လျောညီထွေ ဆက်စပ်ဆောင်ရွက်ရမယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အစိုးရထံ ကြားဖြတ်အစီရင်ခံစာ တင်သွင်းထားတာဖြစ်ပြီး  အကြံပြုချက်တွေနဲ့ ပတ်သက်လို့ မနေ့ညနေပိုင်းမှာ ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ သတင်းမီဒီယာတွေကိုလည်း ရှင်းလင်းပြောကြားပြီး ဖြစ်ပါတယ်။

ကော်မရှင်အကြံပြုချက်တွေထဲမှာ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ပြဿနာဖြစ်ရာနေရာ အပါအဝင် နေရာဒေသအားလုံးကို အကန့်အသတ်မရှိ သွားလာခွင့်ပေးဖို့၊ ပြည်တွင်းပြည်ပက သတင်းမီဒီယာတွေကို လွတ်လွတ်လပ်လပ် သွားရောက် သတင်းယူခွင့်ပေးဖို့တွေ ပါဝင်ပါတယ်။

ဒ့ါအပြင် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူတွေကို တာဝန်ခံခိုင်းဖို့၊ ရခိုင်ပြည်နယ်မှာရှိတဲ့ ရဲလုံခြုံရေးတပ်ဖွဲ့တွေကို လူ့အခွင့်ရေးသင်တန်းပေးဖို့၊ အကြမ်းဖက်မှုတွေ ပပျောက်အောင် ဆောင်ရွက်ဖို့လည်း အကြံပြုထားပါတယ်။

ဒုက္ခသည်တွေ ဆန္ဒအလျောက် နေရပ်ပြန်ချင်ရင် ပြန်နိုင်ဖို့အတွက် ပူးပေါင်းကော်မတီတခု ဖွဲ့စည်းဖို့၊ အဲဒီဒေသမှာရှိတဲ့ တရားမဝင် ကုန်သွယ်ရေးတွေကို တားဆီးဖို့ အကြံပြုပါတယ်။

ကျန်းမာရေးနဲ့ ပညာရေးတွေ ညီမျှမှုရှိအောင် လုပ်ဆောင်ဖို့၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတွေကို နိုင်ငံသားအနေနဲ့ အသိအမှတ်ပြုပြီး နိုင်ငံသားအခွင့်အရေး ခံစားခွင့်ပေးဖို့၊ ဒုက္ခသည်စခန်း ၃ ခု မဖြစ်မနေပိတ်သိမ်းဖို့၊ အမုန်းပွားအောင် ပြောနေသူတွေကို အရေးယူဖို့လည်း ကော်မရှင်က တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013