DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် နွေရာသီ လျှပ်စစ်ထုတ်စက်နှင့် မီးပေးလျှင် တယူနစ် ကျပ် ၁၅၀-၂၀၀ ခန့် အရင်းရှိ
DVB
·
March 17, 2017
ရန်ကုန်တွင် နွေရာသီ လျှပ်စစ်ထုတ်စက်နှင့် မီးပေးလျှင် တယူနစ် ကျပ် ၁၅၀-၂၀၀ ခန့် အရင်းရှိ
Donate to DVB

ရန်ကုန်တိုင်းမှာ လာမယ့်နွေရာသီ လျှပ်စစ်မီးရရှိရေး သုံးမယ့် လျှပ်စစ်ထုတ်စက်နဲ့ လျှပ်စစ်ထုတ်ရင် မီတာခ တယူနစ် အရင်းငွေ ကျပ် ၁၅၀ ကနေ ကျပ် ၂၀၀ ခန့်အထိ ကျသင့်မှာ ဖြစ်ပါတယ်။

ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်ထောင်စုဘဏ္ဍာကနေ ကျပ် ၃၀ ဘီလီယံ ခွဲဝေသုံးစွဲမယ့်အပေါ် ကိုယ်စားလှယ် ၁၂ ဦးက ဆွေးနွေးခဲ့ကြပြီး ကိုယ်စားလှယ်တဦးက ခုလို ဆွေးနွေးထောက်ပြခဲ့တာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၂ မှ ဦးထွန်းထွန်းဦးက ရန်ကုန်တိုင်း မီးလင်းရေးသုံးမယ့် လျှပ်စစ်ထုတ်စက်ဟာ ဒီဇယ် သို့မဟုတ် သဘာဝဓာတ်ငွေ့သုံးပြီး မီးထုတ်ရမှာဖြစ်လို့ မီတာ တယူနစ်ဈေးတွေ မြင့်လာမှာလို့ ဆွေးနွေးခဲ့တာပါ။

“အခုနှစ် နွေရာသီ ဒီဇယ်ဆီကို အသုံးပြုပြီးတော့ မောင်းနှင်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ၁ ရက်ကို ဒီဇယ်ဆီ ဂါလံ ၁၀၀၀၀ ကုန်ကျမှာဖြစ်ပြီးတော့ လျှပ်စစ်ဓာတ်အား တယူနစ်ကို အရင်း ၂၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားခက အိမ်သုံးက တယူနစ်ကို ၃၅ကျပ်၊ ၄၀ ကျပ်၊ ၅၀ ကျပ်၊ စက်မှုသုံးဆို တယူနစ်ကို ၇၅ ကျပ်၊ ၁၀၀ ကျပ်၊ ၁၅၀ ကျပ်၊ သုံးစွဲမှုယူနစ်အလိုက် ကောက်ခံတဲ့စနစ်နဲ့ နိုင်ငံတော်က အရှုံးခံ စိုက်ထုတ်သုံးစွဲပေးနေတာ ဖြစ်ပါတယ်။”

သဘာဝဓာတ်ငွေ့သုံးပြီး လျှပ်စစ်ထုတ်ရင် တယူနစ် အရင်း ကျပ် ၁၅၀ ခန့် ကုန်ကျမှာဖြစ်လို့ သဘာဝဓာတ်ငွေ့ပဲသုံးပြီး လျှပ်စစ်ထုတ်ဖို့လည်း သူက အကြံပြု ဆွေးနွေးသွားပါတယ်။

ရန်ကုန်တိုင်းမီးလင်းဖို့ ကျပ်ငွေ ဘီလီယံ ၃၀ ခွင့်ပြုခဲ့ရင်တောင် တိုင်းအစိုးရအနေနဲ့ လုပ်ငန်းအကောင်အထည်ဖော်ဖို့ ၄၆ ရက်ခန့်ပဲ အချိန်ရမှာမို့ ဒီအတောအတွင်း အောင်မြင်အောင် လုပ်နိုင်ပါ့မလားလို့လည်း ကိုယ်စားလှယ်တဦးက ထောက်ပြခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်များနဲ့ပတ်သက်လို့ သက်ဆိုင်ရာဌာနက လွှတ်တော်မှာ လာရောက် ရှင်းလင်းရဦးမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးဆုံးဖြတ်လို့ သဘောတူကြောင်း ဆုံးဖြတ်ရင်တော့ အစိုးရက ပိုက်ဆံချပေးပြီး တိုင်းအစိုးရက လုပ်ငန်းအကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013