DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့များကို လူ့အခွင့်အရေးသင်တန်းပေးရန် ကိုဖီအာနန်ကော်မရှင်အကြံပြု
DVB
·
March 16, 2017
ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့များကို လူ့အခွင့်အရေးသင်တန်းပေးရန် ကိုဖီအာနန်ကော်မရှင်အကြံပြု
Donate to DVB

 

ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အစိုးရထံတင်သွင်းမယ့်  ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်တွေနဲ့ပတ်သက်ပြီး  ဒီကနေ့ ရန်ကုန်မှာ ကော်မရှင်အဖွဲ့ဝင် တွေက  မီဒီယာတွေကို ရှင်းလင်းပြောပါတယ်။

ဒီအကြံပြုချက်တွေထဲမှာ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်မှာ လွတ်လွတ်လပ်လပ်ကူညီသွားလာခွင့်ပေးဖို့၊ ပြည်တွင်းပြည်ပက သတင်းမီဒီယာနဲ့ သတင်းထောက်ကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးဖို့တွေပါဝင်ပါတယ်။

ဒ့ါအပြင် လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်သူတွေကို တာဝန်ယူတာဝန်ခံစေဖို့၊ ရခိုင်ပြည်နယ် မှာရှိတဲ့ ရဲလုံခြုံရေး တပ်ဖွဲ့တွေကို လူ့အခွင့်ရေးသင်တန်းပေးဖို့၊ အကြမ်းဖက်မှုတွေ ပပျောက်အောင် ဆောင်ရွက်ဖို့ လည်း အကြံပြုထားပါတယ်။

ဒုက္ခသည်တွေ မိမိတို့ သဘောဆန္ဒအလျောက်ပြန်ချင်ရင် စိစစ်ပြန်လွှတ်ပေးဖို့အတွက် ပူးပေါင်းကော်မတီတခုဖွဲ့စည်းဖို့၊  အဲဒီဒေသမှာရှိတဲ့ တရားမ၀င် ကုန်သွယ်ရေးတွေကို တားဆီးဖို့ အကြံ့ပုပါတယ်။

ကျန်းမာရေးနဲ့ ပညာရေးတွေ အားလုံးညီမျှရှိအောင် လုပ်ဆောင်ဖို့၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတွေကို  နိုင်ငံသားအနေနဲ့ အသိအမှတ်ပြုပြီး နိုင်ငံသားအခွင့်အရေးခံစားခွင့်ပေးဖို့၊ ဒုက္ခသည် စခန်း ၃ ခု ပိတ်သိမ်းဖို့လိုအပ်နေပြီး၊ တယောက်နဲ့တယောက် အမုန်းအပွားအောင်ပြောနေသူတွေကို အရေးယူဖို့ လည်း ကော်မရှင်က တိုက်တွန်းပါတယ်။

အလ်ဂျာဇီးယားသတင်းဌာနက သတင်းထောက်တဦးကတော့ မနေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းကို သွားပြီး သတင်းယူဖို့ခွင့်ပြုချက်တောင်းရာမှာ ခွင့်ပြုချက်မရခဲ့ဘူးလို့ သတင်းစာ ရှင်းလင်းပွဲမှာ အလ်ဂျာဇီးယားသတင်းဌာနက  ပြောသွားပါတယ်။   

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013