မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ပြည်ပကို အဓိက တင်ပို့နေတဲ့ မတ်ပဲက ဒီနေ့မှာ တစ်တန်ကို ငွေကျပ် ၁၂၀၀၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁၁၂၂၀၀ ကျပ် ဈေးရှိပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ငွေကျပ် ၅၀၀၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက တစ်တန်ကို ငွေကျပ် ၇၆၁၀၀၀ ပေါက်ဈေးရှိနေပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ တစ်ပိဿာကို ၂၀၃၅ ကျပ် ပေါက်ဈေးရှိနေပြီး ငွေကျပ် ၁၀ လောက်ဈေးတက်လာပါတယ်။
ပဲပုတ် (ဗမာ)
မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ဗမာ) ဟာ တစ်အိတ်ကို ငွေကျပ် ၂၀၀၀ ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးကတော့ တစ်အိတ်ကို ငွေကျပ် ၇၀၀၀၀ ဈေးရှိပါတယ်။
နှမ်းနက်(စမုံ)
နှမ်းနက် (စမုံ) ဟာ တစ်အိတ်ကို ငွေကျပ် ၃၀၀၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက တစ်အိတ်ကို ၁၃၈၀၀၀ ပေါက်ဈေးရှိနေပါတယ်။
စားအုန်းဆီ
စားအုန်းဆီ တစ်ပိဿာကို ဒီနေ့ပေါက်ဈေးက ၁၉၈၀ ဈေးရှိနေပြီး ငွေကျပ် ၁၀၀ ဈေးတက်လာပါတယ်။
မန်ကျည်းတောင့်
ပခုက္ကူကုန်စည်ဒိုင်မှာတော့ မကျည်းတောင့် အမျိုးအစားဟာ တစ်ပိဿာ ကို ငွေကျပ် ၂၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁၇၇၀ ပေါက်ဈေးရှိနေပါတယ်။
ဖရဲသီး (၈၅၅)
မူဆယ်ကုန်စည်ဒိုင်မှာ တရုတ်နိုင်ငံကို အဓိကတင်ပို့နေတဲ့ ဖရဲသီး ၈၅၅ က ဒီနေ့မှာ တစ်တန်ကို ၄၂၂၄၀၀ ကနေ ၄၉၉၂၀၀ ပေါက်ဈေးရှိနေပြီး တစ်တန်ကို ငွေကျပ် ၃၈၀၀၀ ဈေးတက် လာပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့တွက် ဖရဲသီးကား အဝင်နည်းပြီး ဈေးတက်သွားတာဖြစ်ပါတယ်။
သတင်း - AMIA











