DVB Logo
Home
မြန်မာသတင်း
Miss Universe Kalay 2017 ခါးနံပါတ် ၄ အေမီနေလင်းသန်း ဆွတ်ခူး
DVB
·
March 16, 2017
Miss Universe Kalay 2017 ခါးနံပါတ် ၄ အေမီနေလင်းသန်း ဆွတ်ခူး
1 / 6
Donate to DVB

မတ် ၁၅ ရက်မှာ ကျင်းပခဲ့တဲ့ ကလေးမြို့ရဲ့ ပထမဆုံး ပြိုင်ပွဲဖြစ်တဲ့ Miss Universe Kalay 2017 ပြိုင်ပွဲမှာ ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက်သူလေး မြန်မာစာ အဝေးသင် တတိယနှစ် တက်ရောက်မယ့် ပြိုင်ပွဲဝင် ခါးနံပါတ် ၄ မအေမီနေလင်းသန့်က Miss Universe Kalay 2017 ရဲ့ Winner ဆု သရဖူကို ဆွတ်ခူးသွားခဲ့ပါတယ်။

Miss Universe Kalay 2017 ကို ကလေးမြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့တာ ဖြစ်ပြီး ဆန်ခါတင် Miss Universe Kalay 2017 အယောက် ၂၀ ရွေးချယ်ထားတဲ့အထဲက တဦးက ကျန်းမာရေးကြောင့် နားခဲ့ပြီး ၁၉ ယောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

Miss Universe Kalay 2017 အတွက် ယခုနှစ် ဇန်နဝါရီလကတည်းက ပြိုင်ပွဲဝင်တွေရဲ့ လျှောက်လွှာတွေကို လက်ခံခဲ့ပြီး ပြိုင်ပွဲဝင် ၆၀ ကျော် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

အဲဒီပြိုင်ပွဲဝင် ၆၀ ကျော်ထဲကနေ ပြီးခဲ့တဲ့ မတ် ၃ ရက်က ကလေးမြို့ သိမ့်ခန်းမမှာ ဆန်ခါတင် အယောက် ၂၀ ကို ရွေးချယ်ခဲ့ပြီး အဲဒီဆန်ခါတင် ၂၀ ကို မော်ဒယ်သင်တန်း၊ မိတ်ကပ်ပညာသင်တန်းတွေ သင်ကြားပေးနေတဲ့အပြင် စပွန်ဆာကုမ္ပဏီ ကြော်ငြာရိုက်ပေးခြင်း၊ သစ်ပင်စိုက်ခြင်း၊ ပရဟိတလုပ်ငန်းတွေကိုလည်း ပြိုင်ပွဲမစခင်ကာလမှာ ပြုလုပ်ပေးခဲ့ပါတယ်။

အဲဒီ Miss Universe Kalay 2017 အတွက် Winner ရွေးချယ်ပွဲမှာ ဒုတိယဆုကို ခါးနံပါတ် ၁၇ နန်းသဇင်တင်၊ တတိယဆုကိုတော့ ခါးနံပါတ် ၁၁ ခင်ဖူးပွင့်ခိုင်တို့က အသီးသီး ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။

ဒီပွဲမှာ Miss Crown ရရှိသွားတဲ့ အေမီနေလင်းသန့်အနေနဲ့ ရန်ကုန်မှာ ကျင်းပမယ့် Miss Uniserve 2017 ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီဖြစ်ပြီး Miss နဲ့ပတ်သက်တဲ့ သင်တန်းတွေနဲ့ ကိုယ်ကာယသင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေကိုလည်း ဆက်လက်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013