DVB Logo
Home
မြန်မာသတင်း
ရန်ကုန်၊ သထုံနှင့် ကျောက်တောင်မြို့များတွင် ယမန်နေ့ မီးလောင်မှု ဖြစ်ပွား
DVB
·
March 16, 2017
ရန်ကုန်၊ သထုံနှင့် ကျောက်တောင်မြို့များတွင် ယမန်နေ့ မီးလောင်မှု ဖြစ်ပွား
1 / 8
Donate to DVB

မနေ့က တရက်တည်းမှာဘဲ ရန်ကုန်မှာ မီးလောင်မှု ၄ ကြိမ် ဖြစ်ပွားခဲ့တဲ့အပြင် သထုံမြို့နဲ့ ကျောက်တော်မြို့တို့မှာလည်း မီးလောင်မှု တကြိမ်စီ ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မနေ့က မနက် ၄ နာရီကျော်က ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ အောင်ချမ်းသာ ၂ ရပ်ကွက်၊ မိုးကုတ်ကျောင်းလမ်း၊ နှစ်ထပ်ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ လှိုင်သာယာမြို့နယ်၊ ၁၀ ရပ်ကွက်၊ တမာကုန်းမှတ်တိုင်အနီးက အနော်ရထာလမ်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

နေ့လယ် ၁၂ နာရီလောက်မှာလည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၃ ရပ်ကွက်၊ သင်္ဂဟလမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေ့လယ် ၂ နာရီ ၄၅ မိနစ်မှာလည်း ဒဂုံတောင်မြို့နယ် ၇၀ ရပ်ကွက် အောင်ချမ်းသာလမ်းမှာ မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့တာပါ။

အဲဒီနေ့ နေ့လယ် ၁ နာရီလောက်မှာဘဲ သထုံခရိုင်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ စက်သုံးဆီ အရောင်းဆိုင်မှ ဓာတ်ဆီဖလှယ်ရာမှ ပွတ်တိုက်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး  မီးလောင်ရာနေရာကို သထုံခရိုင် မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ် ၅ စီး အပါအဝင် မီးငြှိမ်းသတ်ယာဉ် ၇ စီးနဲ့ မီးငြှိမ်းသတ်ရာမှာ နေ့လယ် ၁ နာရီခွဲလောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။

ည ၆ နာရီခွဲလောက်မှာတော့  ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြည်သာယာရပ်ကွက်က ဆီဆိုင်တန်း မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။  ဒီမီးလောင်ရာ နေရာကို ကျောက်တော်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ အပါအဝင် စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် ၇ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ကြောင်း သိရပါတယ်။

ည ၆ နာရီခွဲကစပြီး မီးလောင်ခဲ့ရာမှ ည ၈ နာရီ မိနစ် ၄၀ မှာ မီးငြိမ်းသွားခဲ့ကြောင်း မီးတပ်တပ်ဖွဲ့က သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013