DVB Logo
Home
မြန်မာသတင်း
ငါသည် ခင်စိန်ဖြစ်ရမယ်၊ ဘာမှမစဉ်းစားဘဲ တဆုံးမိုက်ခဲ့တာပေါ့ - အေးမြတ်သူ (ရုပ်သံ)
DVB
·
March 16, 2017
ငါသည် ခင်စိန်ဖြစ်ရမယ်၊ ဘာမှမစဉ်းစားဘဲ တဆုံးမိုက်ခဲ့တာပေါ့ - အေးမြတ်သူ (ရုပ်သံ)
Donate to DVB



၂၀၁၆ ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာ အက်ရှင်ဇာတ်ကြမ်းကားတကားဖြစ်တဲ့ “မအေးပွင့်၊ မြင့်မြင့်စန်း၊ လမ်း ၃၀” ရုပ်ရှင်ကားနဲ့ အကယ်ဒမီဆုရနိုင်တယ်လို့ ခန့်မှန်းနေကြတဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသမီး အေးမြတ်သူက ရင်ခုန်ခွင့်ရတဲ့နှစ်မှာ အကယ်ဒမီအတွက် ရင်ခုန်နေပါတယ်လို့ ပြောပါတယ်။

“၂၀၁၆ မှာ တော်တော်ကို ကံကောင်းတယ်လို့ ပြောရမှာပေါ့နော်။ ကိုယ်ရိုက်ထားတဲ့ကား တော်တော်များများ ထွက်သွားတယ်ရှင့်။ ဟာသကားရော၊ ဒရာမာကားရော၊ ကာရိုက်တာ နည်းနည်းစုံတယ်ရှင့်။ ကားကတော့ နည်းနည်းများပါတယ်။ တာတေမှာကတော့ ခင်စိန်ပေါ့။ အဲဒီကား လက်ခံတုန်းကတော့ အရမ်းစိတ်ပူခဲ့မိတယ်။ ဒါပေမယ့် ကားကို ကြိုက်တယ်ရှင့်။ ဒီကားကို အေးမြတ်သူ ငယ်ငယ်ကတည်းက ကြည့်ခဲ့ဖူးတယ်။ အေးမြတ်သူ နေရာမှာ အန်တီမြတ်ကေသီအောင်ပေါ့နော်။ ဦးကျော်ဟိန်းတို့ ခေတ်ကတည်းကဆိုတော့ ဒီကားကို အရမ်းသဘောကျခဲ့တယ်။ ကိုယ်ကိုယ်တိုင် ပြန်ရိုက်တဲ့အချိန်မှာတော့ စလက်ခံချိန်တုန်းက စိတ်ပူခဲ့တယ်။ ဘာလို့လဲဆိုတော့ ကာရိုက်တာကို ပရိသတ် အထင်လွဲသွားမှာ၊ အထင်မှားသွားမှာ ကြောက်တဲ့စိတ်ရှိခဲ့တယ်။ ဒါပေမယ့်လည်း ရိုက်ပြီဆိုတာနဲ့ အဲဒါကို စိတ်မဝင်စားတော့ဘဲနဲ့ ခင်စိန်၊ လူတွေက ငါ့ကို သရုပ်ဆောင် အေးမြတ်သူအနေနဲ့ကြည့်တာ မဟုတ်ဘူး။ ဒီကားထဲက ခင်စိန် ဇာတ်ကောင်နေရာက ကြည့်တာ။ ငါသည် ခင်စိန် ဖြစ်ရမယ်ဆိုတဲ့ စိတ်ကလေးထားပြီးတော့ ကျန်တာတွေ မစဉ်းစားတော့ဘဲနဲ့ ပြောရမယ်ဆိုရင် တဆုံးမိုက်ခဲ့တာပေါ့။"

"လေးလေးကြီးဦးဇင်ဝိုင်း ပြောသလိုပေါ့နော်။ အကယ်ဒမီဆိုတာ လူတိုင်း ရင်ခုန်ခွင့်မရှိဘူးပေါ့နော်။ နှစ်တိုင်းလည်း ရင်ခုန်လို့မရဘူး။ ကိုယ်ရင်ခုန်ခွင့်ရတဲ့နှစ်မှာ ရင်တော့ခုန်လိုက် သမီးတဲ့။ အဲဒီလိုမျိုး ပြောတယ်ဆိုတော့ အေးမြတ်သူ အရမ်းကို ရင်ခုန်ပါတယ်ရှင့်။ ပရိသတ်က မှန်းပေးတယ်၊ မျှော်လင့်ပေးတာနဲ့တင် အေးမြတ်သူ ကျေနပ်နေပါပြီ။ အေးမြတ်သူ ဆယ်နှစ်တာကာလပတ်လုံးမှာ ဒီတနှစ်ပဲ ပထမဦးဆုံးအကြိမ် ရင်ခုန်ခွင့်ရခဲ့တာပါ။ အဲဒီရင်ခုန်တဲ့ ရင်ခုန်မှုကို အရမ်းကို ပျော်နေပါပြီလို့။ နှစ်တိုင်း အေးမြတ်သူကို အန်တီပေါက်(မိုးကုတ်ပေါက်ပေါက်)က အမြဲတမ်း စီစဉ်ပေးတယ်ရှင့်။ တနှစ်မှလည်း အေးမြတ်သူ ကွန်ပလိန်းမတက်ခဲ့ဖူးဘူး။ ဘယ်လိုမျိုးဝတ်ချင်တယ်တို့ ဘာတို့ မရှိဘူး။ အေးမြတ်သူရဲ့ နှစ်တိုင်း အကယ်ဒမီဝတ်စုံက အန်တီပေါက်ရဲ့ စိတ်ကူးအတိုင်းပဲ အေးမြတ်သူ လိုက်ဝတ်ခဲ့တာ များပါတယ်။ ဒီနှစ်လည်း အဲဒီလိုပါပဲရှင့်။ အန်တီပေါက်က သင့်တော်တဲ့၊ သူ စိတ်ကူးရတဲ့ ဒီဇိုင်းပေါ့နော်။ အေးမြတ်သူ အသက်အရွယ်နဲ့ လိုက်ဖက်မယ့်ဒီဇိုင်းမျိုး စီစဉ်ပေးမယ်လို့ အေးမြတ်သူ ယုံကြည်ပါတယ်ရှင့်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013