DVB Logo
Home
မြန်မာသတင်း
တရားမ၀င်သစ်ဖမ်းဆီးမှု အားနည်းသည့် သစ်တောဝန်ထမ်း ၁၃၀ ခန့်ကို အရေးယူထား
DVB
·
March 16, 2017
တရားမ၀င်သစ်ဖမ်းဆီးမှု အားနည်းသည့် သစ်တောဝန်ထမ်း ၁၃၀ ခန့်ကို အရေးယူထား
Donate to DVB

 

တရားမ၀င်သစ်ဖမ်းဆီးမှု အားနည်းတာကြောင့် ၁၀ လအတွင်း သစ်တောဝန်ထမ်း ၁၃၀ လောက်ကို အပြစ်ပေး အရေးယူထားတယ်လို့ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ပြောပါတယ်။

မတ်လ ၁၅ ရက်ကပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အတွင်း ၀န်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

“၂၀၁၆ ဧပြီလ ၁ ရက်ကနေပြီးတော့ ၂၀၁၇ ဖေဖော်ဝါရီလ ၂၈ ရက်အထိ တရားမ၀င် သစ်ဖမ်းဆီးမှု အားနည်းခြင်းကြောင့် သစ်တောဦးစီးဌာနမှာရှိတဲ့ ၀န်ထမ်းအားလုံးအား အပြစ်ပေး အရေးယူရာမှာ လက်ထောက်ညွှန်ကြားရေးမှူးအဆင့် ၂ ဦး၊ ဦးစီးအရာရှိအဆင့် ၈ ဦး၊ တောအုပ်ကြီးအဆင့် ၁၉ ဦး၊ တောအုပ်အဆင့် ၄၈ ဦး၊ တောခေါင်းအဆင့် ၅၂ ဦးနဲ့ စုစုပေါင်း ၁၂၉ ဦးကို ကျနော်တို့ အပြစ်ပေးခဲ့ပါတယ်။”

ဘယ်ပုံဘယ်နည်းနဲ့ အပြစ်ပေး အရေးယူထားတယ်လို့တော့ ၀န်ကြီးက ပြောမသွားပါဘူး။

၂၀၁၆ ခုနှစ် ဧပြီလကနေ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလအထိ ၁၀ လအတွင်း တရားမ၀င်သစ်တန်ချိန် ၄၀၈၀၀ ကျော် ဖမ်းမိတယ်လို့ သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်ကတော့ အစိုးရသစ်လက်ထက်မှာ သတင်းပေးသူများပြားလို့ တရားမ၀င်သစ်ဖမ်းမိတာ များလာတာလို့ ဒီဗွီဘီကို ပြောဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013