DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အတွက် ဂျပန်ကလှူဒါန်းသည့် ကစ္ဆပနဒီ (၁)ရေယာဉ်ရောက်ရှိ
DVB
·
March 16, 2017
ရခိုင်ပြည်နယ်အတွက် ဂျပန်ကလှူဒါန်းသည့် ကစ္ဆပနဒီ (၁)ရေယာဉ်ရောက်ရှိ
1 / 7
Donate to DVB

ရခိုင်ပြည်နယ်အတွက်  ဂျပန်နိုင်ငံ JICA ဖောင်းဒေးရှင်းက လှူဒါန်းတဲ့ အမြန်ရေယာဉ်တစီး မတ် ၁၄ ရက်က ကျောက်ဖြူ  ငလပွေ့ဆိပ်ကမ်းကို ရောက်ရှိခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာ ရေချခဲ့ပါတယ်။

အခုရောက်ရှိလာတဲ့ ရေယာဉ်ကို ကစ္ဆပနဒီ (၁) လို့ အမည်ပေးထားပြီး  စစ်တွေ၊ တောင်ကုတ်၊ မာန်အောင်တွေကို ပြေးဆွဲမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ရေကြောင်းပို့ဆောင်ရေးခရီးမှာ အဆင်ပြေစေဖို့ နောက်ထပ် ကစ္ဆပနဒီ (၂)နဲ့ ၊ ကစ္ဆပနဒီ(၃) အမည်ရှိတဲ့  အမြန်ရေယာဉ်  ၂စီးကိုလည်း မကြာခင် ပို့ဆောင်သွားမယ်လို့လည်း သိရပါတယ်။

ဂျပန်ယန်းငွေ ၂၆၇သန်းကျော်တန်ဖိုးရှိတဲ့ အဲဒီကစ္ဆပနဒီ ၁အမည်ရှိ ရေယာဉ်ဟာ   ၁ နာရီ ရေမိုင် ၂၀ မောင်းနိုင်ပြီး အလျားပေ ၂၉ ဒသမ ၉၀ မီတာ၊ ရေစူး ၁ ဒသမ ၆ မီတာရှိပြီး ခရီးသည် ၁၄၅ ဦး သယ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အဲဒီရေယာဉ်ကို ကျောက်ဖြူ၊ ငလပွေ့ဆိပ်ကမ်းမှာ ကပ်ထားပြီး လာမယ့် မတ် ၂၉ ရက်မှာ တရားဝင် လွှဲပြောင်းပေးအပ်သွားမယ်လို့ သိရပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ-စိုးမိုကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013