DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်ပညာရေးအတွက် သြစတြေးလျက ဒေါ်လာ ၇၁ သန်းခွဲထောက်ပံ့မည်
DVB
·
March 16, 2017
မြန်မာပြည်ပညာရေးအတွက် သြစတြေးလျက ဒေါ်လာ ၇၁ သန်းခွဲထောက်ပံ့မည်
Donate to DVB

 

မြန်မာနိုင်ငံရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုနဲ့ စီမံခန့်ခွဲရေးတိုးတက် ကောင်းမွန်လာစေဖို့ ပညာရေး ကဏ္ဍအတွက် သြစတြေးလျ ဒေါ်လာ ၇၁ ဒသမ ၅ သန်း ထောက်ပံ့ပေးဖို့ရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  သြစတြေးလျ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပစိဖိတ်ရေးရာဝန်ကြီး၊ အထက်လွှတ်တော်အမတ် ကွန်စီတာ ဖီရာဗန်တီ ၀ဲလ်စ်နဲ့ မနေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာဖော်ပြပါတယ်။

တွေ့ဆုံရာမှာ မြန်မာပြည် ပညာရေးကဏ္ဍအတွက် သြစတြေးလျ ဒေါ်လာ ၇၁ ဒသမ ၅ သန်း ထောက်ပံ့ပေးမယ့်ကိစ္စအပြင်  အာဆီယံ-သြစတြေးလျ ပူးပါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်တွေ၊ မြန်မာနဲ့ သြစတြေးလျ နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍတွေမှာ ပိုမိုပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းအတွက် သြစတြေးလျနိုင်ငံက အထောက်အပံ့ပေးရေးကိစ္စ၊ သြစတြေးလျအမျိုးသားတက္ကသိုလ်မှာ  မြန်မာနိုင်ငံမှ ပညာသင်ဆုတွေ ပိုမိုရရှိရေးကိစ္စတို့ အပြင် လယ်ယာစိုက်ပျိုးရေးကဏ္ဍနဲ့ ဆေးဝါးထုတ်လုပ်မှုကဏ္ဍတွေမှာ နည်းပညာအကူအညီပေးရေးကိစ္စတွေလည်းဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် သြစတြေးလျ အထက်လွှတ်တော်အမတ်က သြစတြေးလျနိုင်ငံ အနေနဲ့ ရခိုင်ပြည်နယ်ကိစ္စနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အပေါ် ဆက်လက် ထောက်ခံအားပေး ရပ်တည် သွားမယ့်အကြောင်း ဆွေးနွေးပြောဆိုခဲ့တယ်လို့လည်းသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013