DVB Logo
Home
မြန်မာသတင်း
ဖိလစ်ပိုင်သမ္မတ ဒူတာတေး မြန်မာပြည်လာမည်
DVB
·
March 16, 2017
ဖိလစ်ပိုင်သမ္မတ ဒူတာတေး မြန်မာပြည်လာမည်
Donate to DVB

မူးယစ်ဆေးဝါးနှိမ်နင်းရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးဟာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် တရားဝင် ချစ်ကြည်ရေးခရီး လာရောက်ဖို့ရှိနေပါတယ်။

မြန်မာသမ္မတ ဦးထင်ကျော်ရဲ့ တရားဝင်ဖိတ်ကြားချက်အရ မကြာမီကာလမှာ လာရောက်မယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ထားပြီး ခရီးစဉ်အသေးစိတ်ကိုတော့ ဖော်ပြခြင်း မရှိသေးပါဘူး။

ဒူတာတေးဟာ ၂၀၁၆ ဇွန်လမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၆ ယောက်မြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး သူတက်လာပြီးနောက် နိုင်ငံတွင်း မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတွေကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား နှိမ်နင်းခဲ့သူ ဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေနဲ့ သုံးစွဲသူတွေကို ပစ်သတ်နိုင်တဲ့ ဥပဒေတခု ပြဋ္ဌာန်းပေးခဲ့သလို မူးယစ်ဆေးဝါးနှိမ်နင်းမှုတွေအတွင်း ဖိလစ်ပိုင်မှာ လူပေါင်း ၇၀၀၀ လောက် သေဆုံးခဲ့ပြီး ဒီအထဲက ၂၅၀၀ လောက်ဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်လွတ်စပယ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာလို့ ဝေဖန်ခံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013