
by dvburma
ပုဒ်မ ၆၆ ဃ နဲ့ အမှုဖွင့်ခံထားရတဲ့ မြန်မာနောင်း အယ်ဒီတာချုပ် ကိုဆွေဝင်းကို မန္တလေး ရဲအရာရှိ ၂ ဦးက ဒီကနေ့ ည ၇ နာရီက (MJA) ရုံးမှာ လာရောက်စစ်ဆေးခဲ့ပါတယ်။
ဒီလို လာရောက်စစ်ဆေးတဲ့အခါမှာ ဒီအမှုနဲ့ ပတ်သက်ပြီး စာနယ်ဇင်းကောင်စီကနေ တဆင့် လာရောက် စစ်ဆေးဖို့ ကိုဆွေဝင်းရဲ့ ဥပဒေ အကြံပေးက တောင်းဆိုခဲ့ကြပြီး ဒီတောင်းဆိုချက်ကို လိုက်လျောမှသာ အစစ်ဆေးခံနိုင်မယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။ ဒီအပေါ် ရဲအရာရှိတွေအနေနဲ့ တောင်းဆိုတဲ့အချက်အလက်တွေ နဲ့ပတ်သက်ပြီး အထက်အရာရှိတွေထံ တင်ပြပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ရုပ်သံ - စည်သူဇေယျ










