DVB Logo
Home
မြန်မာသတင်း
စင်ကာပူဝါရင့်ဝန်ကြီး ဂိုချောက်တောင်နှင့် မြန်မာသမ္မတတွေ့ဆုံ
DVB
·
March 15, 2017
စင်ကာပူဝါရင့်ဝန်ကြီး ဂိုချောက်တောင်နှင့် မြန်မာသမ္မတတွေ့ဆုံ
Donate to DVB

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကို မြန်မာနိုင်ငံမှာ ၃ ရက်ကြာခရီးရောက်ရှိနေတဲ့ စင်ကာပူနိုင်ငံ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး မစ္စတာဂိုချောက်တောင်နဲ့ အဖွဲ့က ဒီကနေ့မနက် နေပြည်တော် သမ္မတ အိမ်တော်မှာ လာရောက်တွေ့ဆုံပါတယ်။

တွေ့ဆုံရာမှာ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်ဖို့၊ ကမ္ဘာလှည့် ခရီးသွားလာရေး လုပ်ငန်းနဲ့ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့  အခွန်အခတိမ်းရှောင်မှုကြောင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးကျိုးတွေဖြစ်လာနိုင်တဲ့ အလားအလာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲအပြီး နိုင်ငံတော်သမ္မတအိမ်တော်မှာ စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်း (SMVTI) တည်ထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ထပ်မံ သက်တမ်းတိုး လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013