DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးငလျင်ကြောင့် ၂ဦး သေ၊ ငွေကျပ် ၁၉၅ သန်းကျော်ဖိုး ဆုံးရှုံးပျက်စီး
DVB
·
March 15, 2017
တိုက်ကြီးငလျင်ကြောင့် ၂ဦး သေ၊ ငွေကျပ် ၁၉၅ သန်းကျော်ဖိုး ဆုံးရှုံးပျက်စီး
Donate to DVB

တနင်္လာနေ့ညပိုင်းက ရန်ကုန်တိုင်း၊ တိုက်ကြီးမှာ လှုပ်သွားတဲ့ ငလျင်ကြောင့် လူ ၂ ဦး သေဆုံး၊၂၈ ဦး ဒဏ်ရာရရှိပြီး ငွေကျပ် ၁၉၅သန်း ကျော်ဖိုး ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

ငလျင်ကြောင့် သာသနီကအဆောက်အဦ ၂၉ ခု၊ လူနေအိမ် ၆ လုံး စုစုပေါင်း အဆောက်အဦ ၃၅ လုံး ပျက်စီးသွားတယ်လို့လည်း တိုက်ကြီးမြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ပြောပါတယ်။

“အခုကတော့ နောက်ဆုံးစာရင်း တည်ငြိမ်သွားပါပြီ။ တိုက်ကြီးမြို့ရဲ့ အရှေဘက် ၁မိုင် ကျော်ကျော် လောက်အကွာမှာ ကပစ တပ်ဆိုတာ ရှိတယ်၊အဲ့ဒီမှာတော့ တပ်မိသားစု မြေးအဖိုး ၂ယောက် ဖြစ်ဖြစ်ချင်း အုတ်နံရံပြိုကျပြီးတော့ ပိတာ မင်္ဂလာဒုံစစ်ဆေးရုံးကို ပို့တယ်။ လမ်းမှာပဲ သေသလား။ ဆေးရုံမှာပဲ သေသလား သဲသဲကွဲကဲတော့ မသိဘူး။ ၂ယောက် သေတာတော့ သေချာတယ်။”

ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ အရပ်သား ၅ ဦးကို ဆေးရုံတင် ကုသထားရတုန်း ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝန်ထမ်းအိမ်ရာ ၃ လုံး အပါအ၀င် အိမ် ၆ လုံးလည်း လုံးဝပြိုကျ ပျက်စီးခဲ့ပါတယ်။

အင်္ဂါနေ့မှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဟာ တိုက်ကြီးကို ရောက်လာပြီး ပျက်စီးခဲ့တဲ့ အဆောက်အဦတွေနဲ့ ဒဏ်ရာရလူနာတွေကို ငွေသားနဲ့ ကူညီပေးသွားပြီး စုစုပေါင်း ကျပ် ၇၃ သိန်း ထောက်ပံ့ကူညီခဲ့ပါတယ်။

တိုက်ကြီးက တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလွင်မင်းစိုးကတော့ အင်္ဂါနေ့ မွန်းလွဲ ၁နာရီခွဲခန့်စလို့ ငလျင်လှုပ်ရှားမှု တစုံတရာ မရှိတော့ဘူးလို့ ပြောပါတယ်။

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်ကို ဗဟိုပြုပြီး မတ်လ ၁၃ ရက် ညပိုင်းက အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၈ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်နဲ့ နောက်ဆက်တွဲငလျင်တွေ လှုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013