DVB Logo
Home
မြန်မာသတင်း
အမြန်လမ်း ၁၁၇ မိုင်၌ တရားမဝင်သစ်များတင်လာသည့်ကား ဖမ်းမိ
DVB
·
March 15, 2017
အမြန်လမ်း ၁၁၇ မိုင်၌ တရားမဝင်သစ်များတင်လာသည့်ကား ဖမ်းမိ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ် ၁၁၇/၀ အနီးမှာ  မတ်လ ၁၅ ရက်နေ့ မနက် ၁ နာရီလောက်က တရားမဝင် ပျဉ်းကတိုးသစ်တွေ တင်ဆောင်လာတဲ့ ကားတစီး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

"ကားက ရေတာရှည်ဘက်က မောင်းပြေးလာတာဗျ။ သစ်တောအဖွဲ့ရော၊ ရဲတပ်ဖွဲ့တွေရော အချင်းချင်း ချိတ်ဆက်ပြီး ဖမ်းတာပါ။ ၁၁၇ မိုင်မှာ ကားက ရေတိုင်ကီရေဆူပြီး အင်ဂျင်သံက သိပ်မကောင်းတော့ဘူး။ ကားကိုထားခဲ့ပြီး ထွက်ပြေးသွားတာဗျ။ သစ်သားတွေကတော့ အခုမှ ဆိုဒ်တိုင်းတုန်းပဲ ရှိပါသေးတယ်။ အတိအကျေတာ့ ပြောမရသေးပါဘူး"လို့ သစ်တောတာဝန်ရှိသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။

ဖြစ်စဉ်မှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်ကို တရားမဝင်သစ်များ တင်ဆောင်လာတဲ့ ယာဉ်အမှတ် 8F / 7377 NISSANအမျိုးအစား ၆ ဘီးတပ် မော်တော်ယာဉ်တစီး မောင်းနှင်ထွက်ပြေး လာကြောင်း သတင်းအရ ဖြူးမြို့နယ်ရှိ သစ်တောနှင့် တခြား ပူးပေါင်းအဖွဲ့အစည်းတွေ စုပေါင်းဖမ်းဆီး ခဲ့တာပါ။

ဖမ်းဆီးစဉ် အမြန်လမ်း မိုင်တိုင်အမှတ် ၁၁၇/၀ အနီးမှာ ကားရပ်တန့်ထားခဲ့ပြီး ယာဉ်မောင်း ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ယာဉ်ပေါ်မှာ ပျဉ်းကတိုး စကွဲးရားဆိုဒ်စုံ ခန့်မှန်း ၆ တန်လောက် ပါရှိတယ်လို့ တာဝန်ရှိသူတဦးထံက သိရပါတယ်။

တးရာမဝင်သစ်တွေ တင်ဆောင်လာသူကို အရေးယူနိုင်ရေးအတွက် ဖြူးမြို့ သစ်တောဦးစီးဌာနက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013