DVB Logo
Home
မြန်မာသတင်း
“ငါ့သမီးဖြစ်နေတော့ ပိုဆိုးတာပေါ့” တိုင်းရင်းသားရေးရာဝန်ကြီးနိုင်သက်လွင် (ရုပ်သံ)
DVB
·
March 15, 2017
“ငါ့သမီးဖြစ်နေတော့ ပိုဆိုးတာပေါ့” တိုင်းရင်းသားရေးရာဝန်ကြီးနိုင်သက်လွင်  (ရုပ်သံ)
Donate to DVB

မွန်ပြည်နယ် မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ သံလွင်မြစ်ကူးတံတား အမည်ကို ပြည်သူ့လွှတ်တော်မှာ မဲခွဲပြီး ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေး အတည်ပြုလိုက်တဲ့အပေါ်  အဆိုတင်သွင်းခဲ့တဲ့ ပေါင်မြို့နယ် လွှတ်တော်အမတ် မိကွန်ချမ်းရဲ့ဖခင်ဖြစ်တဲ့  တိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်ကခုလိုပြောပါတယ်။  

“အမှန်ဆို ဒီပြဿနာက သေးသေးလေးက လွှတ်တော်ထဲ ရောက်စရာလည်း အကြောင်းမရှိဘူး။  အဲဒီကရှိတဲ့ ဒေသခံနဲ့ အစိုးရနဲ့ သူ့ဟာသူ သင့်တော်သလို ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီးတော့ ကောင်းတဲ့၊ သင့်တော်တဲ့ နာမည်တခု ဖြစ်သွားရင်တော့ ပြီးတာပဲပေါ့။ အခုကျတော့ လွှတ်တော်အထိ တက်လာတဲ့အခါကျတော့ လူတွေက ဝေဖန်ကြတာပေါ့။ အရင်တုန်းက ကြံ့ဖွံ့ကို ဝေဖန်သလိုပေါ့။ ဒီမိုကရေစီ အနိုင်ကျင့်တာတို့ ဘာတို့ အဲလို ဖြစ်လာတယ်။ မကောင်းဘူးပေါ့။ ဟိုဟာ ဒီဟာ အလကား ငြင်းကြပြီးတော့ လူမျိုးရေးလည်း မုန်းတီးကြမယ်။ အဖွဲ့အစည်းကရော၊ တယောက်နဲ့ တယောက်ရော အထင်အမြင်တွေ လွဲကြတော့မယ်။ မသိတော့ ဒီအပေါ်မှာ သူတို့က ထောက်ခံတယ်၊ အဆိုသွင်းတယ်။ အဆိုသွင်းတဲ့လူကလည်း ငါ့သမီးဖြစ်နေတာ့ ပိုဆိုးတာပေါ့။”

မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့နယ်အကြား သံလွင်မြစ်ပေါ်မှာထိုးထားတဲ့ တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးရေး အဆိုနဲ့ပတ်သတ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး ဆွေးနွေးခဲ့ပါတယ်။

တပ်မတော်ကိုယ်စားလှယ်တဦးကတော့ ပြည်သူ့ဆန္ဒကို အလေးထားဖို့ တင်ပြဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်တဲ့အခါမှာတော့ တပ်မတော်သားကိုယ်စားလှယ်တွေအနေနဲ့ ထောက်ခံ၊ ကန့်ကွက်တာမျိုး မရှိဘဲ ကြားနေအဖြစ်သာ ဆန္ဒပြုခဲ့တယ်လို့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဇော်ဇော်မိုးက ပြောပါတယ်။

တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်း အမည်မှည့်ခေါ်ဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး   မွန်အမျိုးသားထုတရပ်လုံးက လာမယ့် တနင်္ဂနွေနေ့ မော်လမြိုင်မြို့မှာ  လူထုဆန္ဒပြပွဲကြီးတရပ် ပြုလုပ်ပြီး ကန့်ကွက်ဖို့ စီစဉ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013