DVB Logo
Home
မြန်မာသတင်း
ဌာနေတိုင်းရင်းသားများအတွက် အသက်သွေးကြောဖြစ်သည့် တနင်္သာရီမြစ်ကိုဂုဏ်ပြု
DVB
·
March 15, 2017
ဌာနေတိုင်းရင်းသားများအတွက် အသက်သွေးကြောဖြစ်သည့် တနင်္သာရီမြစ်ကိုဂုဏ်ပြု
1 / 9
Donate to DVB

တနင်္သာရီမြို့နယ်၊ ကျောက်လုံးကြီး ကျေးရွာအုပ်စု၊ သင်္ဘောဦးဒိုင်နယ် မရုံးကျေးရွာမှာ   တနင်္သာရီမြစ်ကိုဂုဏ်ပြုတဲ့အခမ်းအနားတစ်ခု မတ်လ ၁၄ ရက် နိုင်ငံတကာ မြစ်ချောင်းများနေ့က  ကျင်းပသွားပါတယ်။

တနင်္သာရီမြစ်ဟာ ရေချိုမြစ် တစ်စင်းအဖြစ် စီးဆင်းနေတာဖြစ်ပြီး မြစ်ကြောင်းတစ်လျှောက် နေထိုင်တဲ့ ဒေသခံ ဌာနေတိုင်းရင်းသားတွေအတွက် အသက်သွေးကြောသဖွယ် အရေးပါတဲ့ မြစ်တစ်စင်းဖြစ်ပါတယ်။

ဒါပေမယ့် တနင်္သာရီမြစ်ဖျားပိုင်းမှာ  ဆောက်လုပ်မယ့် ရေကာတာ စီမံကိန်းတွေကြောင့်  ခြိမ်းခြောက်မှုတွေနဲ့  ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုင်ငံတကာ မြစ်ချောင်းများနေ့ အခမ်းအနားကျင်းပတဲ့  မရုံးကျေးရွာ၊ နဂါးအိုင်အနီးမှာ ရေအားလျှပ်စစ် ထုတ်ယူဖို့ ထိုင်းကုမ္ပဏီ တစ်ခုဖြစ်တဲ့ GMS Power Public က ဆည်နဲ့ ရေကာတာကြီးတွေ တည်ဆောက်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဒီရေကာတာကြီးတွေလာတည်ဆောက်ရင် ဒေသခံ ဌာနေတိုင်းရင်းသားတွေရဲ့ လူနေမှုဘ၀တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ အများကြီး ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ခိုင်မြဲသစ္စာ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအဖွဲ့မှ စောအဲဖရက်က ပြောပါတယ်။

တနင်္သာရီမြစ်ဖျားပိုင်းမှာ ရွှေ၊ ကျောက်မီးသွေးနဲ့ ခဲတူးဖော်တာတွေကြောင့် မြစ်ကြောင်းအတွင်း ရေထုညစ်ညမ်း ဆိုးရွားပျက်စီးလာတဲ့အပြင် တနင်္သာရီရိုးမအတွင်း တချို့ ကုမ္ပဏီတွေက တရားမ၀င် သစ်ထုတ်လုပ်တာနဲ့ ဆီအုန်းစိုက်ပျိုးဖို့ သစ်တောတွေ အပြောင်ရှင်းနေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာနေတယ်လို့လည်း ဒေသခံ ဌာနေတိုင်းရင်းသားတွေ ကပြောပါတယ်။

နိုင်ငံတကာမြစ်ချောင်းများနေ့အခမ်းအနားကို  တနင်္သာရီ မြစ်ချောင်း တစ်လျှောက် နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသားတွေ ၂၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ - ဇော်ဇော်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013