DVB Logo
Home
မြန်မာသတင်း
ရုပ်သံလိုင်းလုပ်ခွင့်ရ ကုမ္ပဏီ ၅ ခု ဒီ လကုန် ကြေညာပေးမည်
DVB
·
March 15, 2017
ရုပ်သံလိုင်းလုပ်ခွင့်ရ ကုမ္ပဏီ ၅ ခု ဒီ လကုန် ကြေညာပေးမည်
Donate to DVB

 

ပုဂ္ဂလိကရုပ်သံလုပ်ငန်း လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီ ၅ ခုအမည်စာရင်းကို ဒီလကုန်ကြေညာပေးမယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။

မတ်လ ၁၄ ရက်က နေပြည်တော် အမျိုးသားလွှတ်တော်ခန်းမဆောင်မှာလုပ်ခဲ့တဲ့ ကိုယ်စားလှယ်များ ကို ပြန်ကြားရေးဌာနလုပ်ငန်းများ ရှင်းလင်းပြောကြားတဲ့ ပွဲမှာ ၀န်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

“လုပ်ငန်းအသုံးအနှုန်းကတော့ Content Provider လို့ခေါ်ပါတယ်။ အဲဒီရုပ်သံလုပ်ငန်းလုပ်ချင်တဲ့ ပုဂ္ဂိုလ်တွေကို လျှောက်လွှာတွေခေါ်ပြီးတော့ စိစစ်ရွေးချယ်တာရှိပါတယ်။ လျှောက်ထားသူ ၄၀ ကျော် လောက် လျှောက်ထားတာရှိပါတယ်။ အဲဒီထဲမှငါးခု ကိုပေးဖို့နေရာရှိပါတယ်။ အဲဒီငါးခုကို ဒီလကုန်လောက်ဆိုရင်တော့ ဘယ်အဖွဲ့အစည်းတွေကရရှိတယ်ဆိုတာ ကြေညာဖို့ရှိပါတယ်။”

ရုပ်သံဆိုင်ရာဥပဒေ မပြီးပြတ်သေးခင်မှာ ရုပ်သံလွှင့်လုပ်ငန်း လုပ်ကိုင်လိုသူများအတွက် ပြန်ကြားရေး ၀န်ကြီးဌာနက လုပ်ဆောင်ပေးတာဖြစ်တယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

ရုပ်သံလွှင့်လုပ်ငန်းလုပ်ကိုင်လိုသူများကို ရွေးချယ်ရာမှာ ပွင့်လင်းမြင်သာမှု၊ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုနဲ့ ခိုင်မာမှု၊ မီဒီယာ ကျင့်ဝတ်အပေါ် လိုက်နာမှု စတဲ့ အချက် ၃ ချက်အပေါ် မူတည် ရွေးချယ်တာ ဖြစ်ပါတယ်။

ရုပ်သံလိုင်းများငှားရမ်းလုပ် ကိုင်ခွင့်ရရှိသူများဟာ ကနဦးဂြိုဟ်တုဆက်ကြောင်း ငှားရမ်းခနှင့် ထုတ်လွှင့်စက်များ တပ်ဆင်ခြင်းတို့အတွက် ကျပ်သိန်း ၉၀၀ ကျပ်ကျော် ကျသင့်မှာဖြစ်ပြီး ရုပ်သံလိုင်း များ ထုတ်လွှင့်နိုင်မှုအတွက်လည်း ရုပ်သံလိုင်းတခုကို တလလျှင် ကျပ်သိန်း ၂၀၀ ပေးသွင်းရမှာ ဖြစ်ပါတယ်။

လတ်တလော ထုတ်ပြန်ထားတဲ့ ဆန်ကာတင် ကုမ္ပဏီ ၁၀ ခုက Eleven Media Group၊ Mizzima Media ကုမ္ပဏီ၊ DVB Multi Media Group ကုမ္ပဏီ၊ Bo Bo Entertainment Myanmar Group၊ Tikhina ကုမ္ပဏီ၊ VOIP Myanmar Group(VMG)၊ Global Technology ကုမ္ပဏီ၊ Fortune International ကုမ္ပဏီ၊ Kaung Myanmar Aung ကုမ္ပဏီ၊ Young Investment Group ကုမ္ပဏီ တို့ ဖြစ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013