DVB Logo
Home
Lead Story
ဝါးဖောင်ကို အိမ်လုပ်၊ ရုန်းကန်ဖြတ်သန်း ဝမ်းရေး ဖြေရှင်းနေကြသူများ (ရုပ်သံ)
DVB
·
March 15, 2017
ဝါးဖောင်ကို အိမ်လုပ်၊ ရုန်းကန်ဖြတ်သန်း ဝမ်းရေး ဖြေရှင်းနေကြသူများ (ရုပ်သံ)
Donate to DVB



"ဒီရေဖောင်ပေါ်မှာ နေလာတာ ကိုးနှစ်ရှိပြီ။ ဘယ်လိုဖြစ်ပြီး ဒီဝါးဖောင်ပေါ်မှာ နေဖြစ်လဲဆိုတော့ တောလုပ်ငန်းတွေ မလုပ်ချင်လို့ ဒီဘက်ကိုတက်လာတာ၊ ဒီဘက်ကို ထွက်လာတော့ ဝင်းထရံရက်တတ်တော့ ဖောင်ပေါ်တင် တဲထိုးနေလို့ရတယ်ဆိုတော့ ဖောင်ပေါ်မှာတင် တဲထိုးနေလိုက်တာပေါ့။ မြို့ထဲ အိမ်ငှားနေဖို့ကျတော့လည်း မတတ်နိုင်ဘူးလေ၊ ဒီဘက်ကို ကျူးမြေပဲပြောပါတော့။"

ဝါးဖောင်ပေါ်က အိမ်အများစုရဲ့ အကျယ်ဟာ ၈ ပေပတ်လည်လောက်ပဲ ရှိတာပါ။ မိသားစုများရင်တော့ နှစ်အိမ်တွဲ၊ သုံးအိမ်တွဲဆိုသလို ဆောက်နေကြပါတယ်။

"ဒီနားမှာ တီဗွီဘာညာကြည့်၊ ညနေကြ နားကြတာပေါ့။ ဟိုဘက်မှာ အိပ်ကြတယ်။ ဒီလိုမျိုး ဝါးဖောင်ပေါ်မှာ နေသူအများစုဟာ ဝါးကပ်၊ ဝါးထရံရက်တဲ့လုပ်ငန်းနဲ့ အသက်မွေးကြတာပါ။"

ဝါးတွေကို ရေထဲကနေ ဟိုကောင်လေးထမ်းသလို ထမ်းတင်ရတာ၊ ထမ်းတင်ပြီး ဒီလိုချပြီးရင် လွှနဲ့ ဖြတ်ရသေးတယ်။ ငါးပေဖြင့် ငါးပေ၊ ခြောက်ပေဖြင့် ခြောက်ပေ၊ အဲ့လိုလေးတွေ ဖြတ်ရတယ်။ ဝါးဖြတ်ပြီးရင် ခွဲရတယ်၊ ခွဲပြီးရင်ပေါက်၊ ပေါက်ပြီးမှ တိုင်ပင်ပြန်ထိုး တိုင်ပင်ထိုးပြီးမှ ရက်ရတာ။ ရက်ရတာမကြာဘူး၊ ဒီလို ခွဲတာ၊ စိတ်တာ၊ ပေါက်တာက ကြာတာ။

ယောကျာ်းသားတွေက ဝါးထမ်း၊ မိန်းမသားတွေက ဝါးကပ်ထရံရက်နဲ့ တနေ့စာတနေ့ ဖြေရှင်းနေကြရတဲ့သူတွေက များပါတယ်။

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013