DVB Logo
Home
မြန်မာသတင်း
သံလွင်မြစ်ကြီး အမြဲရှင်သန်စွာ စီးဆင်းရန် ရေမျောလှုပ်ရှားမှု ပြုလုပ် (သတင်းဓာတ်ပုံ)
DVB
·
March 15, 2017
သံလွင်မြစ်ကြီး အမြဲရှင်သန်စွာ စီးဆင်းရန် ရေမျောလှုပ်ရှားမှု ပြုလုပ် (သတင်းဓာတ်ပုံ)
1 / 10
Donate to DVB

မတ်လ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့မှာ သံလွင်မြစ်ကြီး အမြဲရှင်သန်စွာ စီးဆင်းဖို့အတွက် ရေမျောလှုပ်ရှားမှုကို ရှမ်းပြည်နယ်တောင်ပိုင်း ကွန်းဟိန်းမြို့နယ်တွင်းရှိ သံလွင်မြစ်ကမ်းဘေးမှာ ပြုလုပ်ခဲ့ပါတယ်။

လွိုင်လင်ခရိုင်၊ ကွန်းဟိန်းမြို့နယ်၊ တာကော်တံတား အထက်ပိုင်းရှိ သံလွင်မြစ်ကမ်းဘေးမှာ ရှမ်းပြည်တောင်ပိုင်းရှိ သံလွင်သားချင်းများအဖွဲ့က သံလွင်မြစ်ရေ အမြဲရှင်သန်စွာ စီးဆင်းဖို့အတွက် မြန်မာ၊ ရှမ်း၊ အင်္ဂလိပ်၊ တရုတ်စာတွေနဲ့ ရေးထားတဲ့ ‘ငြိမ်းချမ်းပါစေ သံလွင်မြေ၊ စီးဆင်းပါစေ သံလွင်ရေ’ စာသားတွေကို သံလွင်မြစ်အတွင်း ဖောင်တွေနဲ့ မျှောလွှတ်ခဲ့ပါတယ်။

အခုအစီအစဉ်ကို သံလွင်မြစ်ဘေးရှိ တိုင်းရင်သားကျေးရွာတွေက ရွာသူရွာသားတွေ သံလွင်သားချင်းများအဖွဲ့က စုစုပေါင်းလူဦးရေ ၃၀၀ ခန့် ပါဝင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013