DVB Logo
Home
မြန်မာသတင်း
Good Morning ပေါင်မုန့်စက်ရုံ အလုပ်သမားများ နစ်နာကြေးရဖို့ ဆန္ဒထုတ်ဖော်
DVB
·
March 15, 2017
Donate to DVB

ရန်ကုန် လှိုင်သာယာမြို့နယ်က Good Morning ပေါင်မုန့်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၁၈၄ ယောက်အတွက် နစ်နာကြေးရဖို့ မတ်လ ၁၄ ရက်နေ့က အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ၊ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးရုံးမှာ ညှိနှိုင်းခဲ့ကြပေမယ့် ပြေလည်မှု မရခဲ့ပါဘူး။

ဒါကြောင့် ခုံသမာဓိရုံးကို တိုင်ကြားသွားမယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီအလုပ်သမားတွေကို စက်ရုံအသစ် တိုးချဲ့တာကြောင့် အလုပ်ရှင်က မတ်လ ၈ ရက်နေ့က အလုပ်ထုတ်ခဲ့တာပါ။ အဲဒီအတွက် အလုပ်သမားတွေက မတ်လ ၉ ရက်နေ့ကစပြီး အခုအချိန်အထိ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

အလုပ်သမားတွေအနေနဲ့ အလုပ်ပြန်လည်ခန့်ပေးဖို့ကို အဓိကတောင်းဆိုခဲ့ပြီး အလုပ်ရှင်က လျော်ကြေးငွေ ပေးလျော်ဖို့ ညှိနှိုင်းနေတာပါ။ အလုပ်သမားတွေက နစ်နာကြေးကို လုပ်သက် ၁ နှစ်ရှိသူကို ငွေကျပ် ၃ သိန်းနှုန်း တောင်းဆိုထားပြီး၊ အလုပ်ရှင်ဘက်က သဘောတူညီမှု မရတာကြောင့် ညှိနှိုင်းနေတာပါ။

ပြေလည်မှု မရတာကြောင့် ၂ ရက်အတွင်း ခုံသမာဓိရုံးကို တိုင်ကြားသွားမှာဖြစ်ပါတယ်။

သတင်း - စိုးမိုးအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013