DVB Logo
Home
မြန်မာသတင်း
သင်္ကြန်တွင်း ကာမစိတ်ကြွဆေးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးအရေးယူမည်
DVB
·
March 15, 2017
သင်္ကြန်တွင်း ကာမစိတ်ကြွဆေးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးအရေးယူမည်
Donate to DVB

လာမယ့်မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာ သင်္ကြန်ကာလအတွင်း ကာမစိတ်ကြွဆေးနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးအရေးယူတာတွေ လုပ်သွားမယ်လို့ မွန်ပြည်နယ် ရေးမြို့နယ်  ရဲမှူးမြင့်သော်ကပြောပါတယ်။

ယစ်မျိုးလိုင်စင် သတ်မှတ်ချက်စည်းကမ်း လိုက်နာခြင်းမရှိတဲ့ဆိုင်တွေနဲ့ လိုင်စင်မဲ့အရက်ရောင်းချနေတဲ့ ဆိုင်တွေကို ဖော်ထုတ်ဖမ်းဆီးဖို့နဲ့ စည်းကမ်းလိုက်နာခြင်းမရှိတဲ့ ယာဉ်တွေနဲ့ တရားမဝင်လက်နက်ပုန်းငယ်တွေကို ဖော်ထုတ်ပြီး ဆက်လက်အရေးယူသွားမယ်လို့ လည်းပြောပါတယ်။

သင်္ကြန်ကာလအတွင်း ပြည်သူတွေစိတ် အေးချမ်းမြေ့စွာ ရေကစားနိုင်ဖို့နဲ့ မလိုလားအပ်တဲ့ မှုခင်းအန္တရာယ်ကျဆင်းလာစေဖို့ အတွက် ကြိုတင်ဆောင်ရွက်တဲ့အနေနဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်တာဝန်ရှိသူတွေ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

သင်္ကြန်မှာ ပြည်သူတွေဘေးကင်းလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေ စည်းကမ်းတကျရှိစေဖိုနဲ့ ရဲလုပ်ငန်း ဥပဒေတွေနဲ့အညီ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့  မွန်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ လမ်းညွှန်ချက်အရ ရေးမြို့နယ် ရဲမှူးမြင့်သော်က ရဲတပ်ဖွဲ့ဝင်တွေကို မတ်လ၁၄ ရက်ညက ရှင်းလင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။
နေမျိုးထွဋ်(ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013