DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်
DVB
·
March 15, 2017
ကော့သောင်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်
1 / 9
Donate to DVB

ကော့သောင်းခရိုင်အတွင်း သဘာဝခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ရေအောက်အလှတွေကို ဖျက်ဆီးနေတဲ့ ငါးဖမ်းပိုက်အဆွေးတွေနဲ့ တခြားစွန့်ပစ်ပစ္စည်းတွေ ဆယ်ယူတာတွေကို မတ်လ ၁၃ ရက်က ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံ သဘာဝခရီးသွားလုပ်ငန်း ကုမ္ပဏီတွေက ပင်လယ်ပြင်ရှိ ရေငုပ်နိုင်တဲ့ ကျွန်းတွေအနီးမှာ ပြုလုပ်ခဲ့ကြပါတယ်။

ဟိုတယ်နဲ့ ခရီးသွား ကော့သောင်းရုံးခွဲက လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးက “ရေအောက်အမှိုက်တွေ ဆယ်ယူခြင်းလုပ်ငန်းကို ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်တွင်းက နိုင်ငံခြားသားတွေ အများဆုံးလာရောက်တဲ့ မြင်းခွာအော်အနီးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပင်လယ်ထဲမှာ အမှိုက်တွေများတယ်။ ငါးလုပ်ငန်းသမားတွေ အမှိုက်ပစ်သွားတာလည်း ရှိတယ်။ ကုန်းပေါ်ကမျောလာတာလည်း ရှိပါတယ်။ သဘာဝကိုအခြေခံတဲ့ ခရီးသွားလုပ်ငန်းမှာ ရေအောက်ရှုခင်းတွေကို ခရီးသွားတွေက ကြည့်တဲ့အခါ ရေအောက်အလှကို ဖျက်ဆီးနေတဲ့ ငါးဖမ်းပိုက်အစုတ်တွေက ရေအောက်သန္တာကျောက်တန်းတွေပေါ်မှာ ငြိနေပြီး ဒီပိုက်တွေက ကျောက်တန်းတွေပေါ်မှာ အုပ်မိနေတော့ ကျောက်တန်းထဲမှာနေတဲ့ ငါးတွေကိုအုပ်မိပြီး သေနေတာကိုတွေ့ရတယ်။ ဒီလိုမဖြစ်အောင် ကျွန်းတွေအနီးက ရေငုပ်တဲ့နေရာတွေကို အဓိကရှင်းတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတဦးက “ငါးဖမ်းလှေတွေက ပြတ်ကျန်ခဲ့တဲ့ ငါးဖမ်းပိုက်အဆွေးတွေက သန္တာကျောက်တန်းတွေငြိပြီး အဲဒီပိုက်တွေကတဆင့် ငါးတွေ၊ ရေနေသတ္တဝါတွေ ထပ်ငြိပြီးသေနဲ့၊ ပြီးတော့ ကုန်းဘက်က ဒီရေအတက်နဲ့ မျောပါလာတဲ့ ဖော့ဘူး၊ ပလတ်စတစ်အိတ်ခွံ စတဲ့ဟာတွေက သောင်တင်လိုက် ပြန်မျောလိုက်နဲ့ သံသရာလည်နေကြတယ်။ အဓိကက ရေအောက်မှာရှိနေတဲ့ ငါးဖမ်းပိုက်ဆွေးတွေကို ကျနော်တို့ နိုင်သလောက် ဆယ်ခဲ့ကြတယ်။ အမှိုက်တွေကို စည်းကမ်းနဲ့စွန့်ပစ်ကြပါ” လို့ ပြောပါတယ်။

ကော့သောင်းဒေသမှာ သဘာဝအခြေခံခရီးသွားလုပ်ငန်းလုပ်ကိုင်ဖို့ မြန်မာ့ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှာ ခွင့်ပြုချက်တင်ထားတဲ့ ကျွန်းပေါင်း ၁၂ ကျွန်းရှိတယ်လို့ သိရပါတယ်။

သတင်း - လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013