DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် အရက်နှင့် အက်ဆစ် မှားသောက်မိပြီး ရေလုပ်သားတဦး သေဆုံး
DVB
·
March 15, 2017
ရေးမြို့တွင် အရက်နှင့် အက်ဆစ် မှားသောက်မိပြီး ရေလုပ်သားတဦး သေဆုံး
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ် ပင်လယ်ပြင် အဘော်ကျားတန်းမှာ လှေလုပ်သားတဦး အက်ဆစ်ကို အရက်ပုလင်းထင်မှတ်ပြီး သောက်မိလို့ မတ် ၁၃ ရက် မနက် ၅ နာရီလောက်က သေဆုံးသွားတယ်လို့ ရေးမြို့မရဲစခန်းက သိရပါတယ်။

ဇီးဖြူသောင်ရဲကင်းစခန်းမှူး ရဲအုပ်အေးငြိမ်းဇော်က “ကျားဖောင်ပေါ်မှာရှိတဲ့ ဘက်ထရီအိုးကို ဖြည့်ဖို့ ဆောင်ထားတဲ့ အက်ဆစ်လက်ကျန်တွေ အရက်ပုလင်းထဲ ထည့်ထားတာကို ကိုမောင်ကြီးက အရက်ပုလင်းထင်လို့ မှားသောက်မိပြီး သေဆုံးသွားတာဖြစ်တယ်” လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့က သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့ရာမှာ သေဆုံးသူ ကိုမောင်ကြီးမှာ ပြင်ပဒဏ်ရာတွေ မတွေ့ရှိရဘဲ အက်ဆစ်သောက် သေဆုံးခြင်းသာဖြစ်ပြီး ဆေးရုံပို့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် ဆက်လက်စစ်ဆေးနိုင်ဖို့ ရဲအုပ်အေးငြိမ်းဇော်က တရားလိုပြုလုပ် တိုင်တန်းခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုမောင်ကြီး သေဆုံးမှုကို ရေးမြို့မရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း - နေမျိုးထွဋ်(ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013