DVB Logo
Home
မြန်မာသတင်း
စင်ကာပူ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး ဂိုချောက်တောင် နေပြည်တော်ရောက်ရှိ
DVB
·
March 15, 2017
စင်ကာပူ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး ဂိုချောက်တောင် နေပြည်တော်ရောက်ရှိ
Donate to DVB

စင်ကာပူဝန်ကြီးချုပ်ဟောင်း ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး ဂိုချောက်တောင်ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ နေပြည်တော်ကို မနေ့ညပိုင်းက လေကြောင်းနဲ့ ရောက်ရှိ လာပါတယ်။

စင်ကာပူဝါရင့်ဝန်ကြီးနဲ့  အဖွဲ့ကို  ပညာရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်း၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျနဲ့ တာဝန်ရှိသူတွေက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကြိုဆိုကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

မစ္စတာဂိုချောက်တောင်ဟာ  မတ်လ ၁၄ရက်နေ ၁၆ ရက်ထိ ၃ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်မှာ မြန်မာသမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့တွေ့ဆုံဖို့ရှိနေပါတယ်။

ဒါ့အပြင် ကြံ့ခိုင်ရေးပါတီ နာယက ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ရဲ့ ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့နဲ့ လည်းတွေ့ဆုံဖို့ရှိနေတယ်လို့  စင်ကာပူနိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ခရီးစဉ်မှာ မြန်မာကို တဖြည်းဖြည်းလွှဲပြောင်းပေးနေတဲ့ စင်ကာပူ-မြန်မာအသက်မွေးပညာ သင်တန်းကျောင်းနဲ့ပတ်သက်ပြီး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲကို တက်ရောက်ဖို့ရှိနေပါတယ်။

စင်ကာပူ ၀ါရင့် ၀န်ကြီးနဲ့အတူ စင်ကာပူဝန်ကြီးချုပ်ရုံးနဲ့ နိုင်ငံခြားရေးဌာနက အရာရှိတွေအပါအ၀င် လွှတ်တော်အမတ်တွေလည်းလိုက်ပါလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013