DVB Logo
Home
မြန်မာသတင်း
ဆီးချိုရောဂါစီမံကိန်းအတွက် ဒိန်းမတ်နိုင်ငံက ဒေါ်လာ ၁ သန်းကျော် ကူညီမည်
DVB
·
March 15, 2017
Donate to DVB

မြန်မာနိုင်ငံမှာ ဆောင်ရွက်မယ့် ဆီးချိုရောဂါ စီမံကိန်းအတွက် ဒိန်းမတ်နိုင်ငံက ဒေါ်လာ ၁ ဒသမ ၂ သန်း ကူညီသွားဖို့ သဘောတူညီလိုက်ပါတယ်။

၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ရေးဆွဲထားတဲ့ ဆီးချိုရောဂါ စီမံကိန်းအတွက် ဒိန်းမတ်နိုင်ငံက ဒေါ်လာ ၁ ဒသမ ၂ သန်း ကူညီဖို့ မတ်လ ၁၃ ရက်နေ့က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတို့ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ပါတယ်။

ဒီစီမံကိန်းမှာ Type 1 လို့ခေါ်တဲ့ ကလေးဘဝမှာဖြစ်တဲ့ ဆီးချိုလူနာတွေအတွက် အင်ဆူလင်ဆေး လက်လှမ်းမီအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ နိုဗိုနော်ဒစ်ကုမ္ပဏီမှ ဟန်နာရစ်ခ်က ပြောပါတယ်။

“ဆီးချိုရှိတဲ့ကလေးတွေကို တိုးတက်အောင် ပြောင်းလဲပေးနေပါပြီ။ အထူးကောင်းမွန်တဲ့ ဆီးချိုရောဂါကုသရေး အစီအစဉ်တွေက ဆီးချိုရောဂါရှိတဲ့ ကလေးအရေအတွက်ကို လျှော့ချပေးနေပါတယ်။  ကလေးတွေမှာရှိတဲ့ ဆီးချိုရောဂါကို သက်သာကောင်းမွန်စေတဲ့ အစီအစဉ်က ကျနော်တို့ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ Type-1 ဆီးချိုအမျိုးအစားရှိတဲ့ ကလေးတွေအတွက် မြန်မာပြည်အနှံ့အပြားမှာ ဆေးခန်းတွေ အများအပြား ဖွင့်ပေးမှာဖြစ်ပြီး ဆေးခန်းတိုင်းမှာ ကုသနိုင်ပါတယ်” လို့ ပြောပါတယ်။

ဒီပွဲကို တက်ရောက်လာတဲ့ ပြည်ထောင်စုဝန်ကြီးကတော့ မြန်မာနိုင်ငံအနေနဲ့ ဆီးချိုဖြစ်ပွားသူ အရေအတွက်ဟာ အရမ်းများနေတဲ့အတွက် သကြားဓာတ်ပါဝင်မှုနှုန်း များတဲ့ အစားအသောက်တွေကို အခွန်တိုးမြှင့်ကောက်သင့်တယ်လို့ မှတ်ချက်ပေး ပြောပါတယ်။

ဆီးချိုရောဂါဟာ ပျောက်ကင်းအောင်ကုသလို့ရတဲ့ရောဂါ မဟုက်သလို မြန်မာနိုင်ငံမှာ ဖြစ်ပွားသူဦးရေဟာလည်း လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။

ဒါကြောင့် ဆီးချိုရောဂါကို ဆရာဝန်တွေကပဲ ကုသပေးတာမျိုးမဟုတ်ဘဲ ကျေးလက်ကျန်းမာရေးဌာနတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စောစောသိနိုင်ဖို့နဲ့ ရေရှည်ကုသစောင့်ရှောက်မှု ပေးနိုင်အောင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

“၁၀ မြို့နယ်ကို ကျနော်တို့ စဝင်တယ်။ ဒီလကုန်မှာ နောက်ထပ် ၁၀ မြို့နယ်ကို စပါမယ်။ စီမံကိန်းဝန်ကြီးရဲ့ လမ်းညွှန်ချက်အရ တနှစ်မှာ ၆၀ သို့မဟုတ် ၇၀ လောက်ရအောင် ကျနော်တို့ ဖြန့်ပါမယ်။ အဲဒီတော့ ဘာလုပ်ရမှာလဲဆိုရင် ရွာတရွာမှာ ဆီးချိုးသွေးချိုရောဂါအတွက် သူနာပြုဆရာမတယောက်က သွားမယ်။ သူက ရွာမှာ ကြေညာမယ်။ အသက် ၄၀ ကျော်တဲ့လူ၊ ဝတဲ့လူ၊ မျိုးရိုးရှိတဲ့လူ၊ ဆေးလိပ်သောက်တဲ့လူ အကုန်လုံး ရောဂါစစ်ခွင့်ရှိတယ်။ တွေ့ရင် ကုပေးမယ်။ လိုရင် လွှဲပေးမယ်။ အဲဒါကို ကျနော်တို့ လုပ်မှာပါ” လို့ ဆီးချိုရောဂါ စီမံကိန်းမန်နေဂျာ ဒေါက်တာကိုကိုက ပြောပါတယ်။

ဆီးချိုရောဂါ ဖြစ်ပွားနေသူ ၁၀ ယောက်ထဲက ၇ ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ရောဂါဖြစ်ပွားနေမှန်း မသိကြပါဘူး။ ဒါကြောင့် ဒီရက်ပိုင်းမှာပဲ ဝန်ကြီးဌာနက ရွေးချယ်ထားတဲ့ ကျေးလက်တွေမှာ ဆီးချိုတိုင်းကိရိယာနဲ့ ဆီးချိုလူနာတွေကို လိုက်လံရှာဖွေသွားမှာ ဖြစ်ပါတယ်။

ဆီးချိုဝေဒနာ ခံစားနေရတဲ့ လူနာတွေအတွက်ကိုတော့ ရေရှည်ကုသနိုင်ဖို့အတွက် လူတိုင်း လက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ထဲမှာ ပါဝင်အောင် ဝန်ကြီးဌာနက ရေးဆွဲနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013