DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် ဆိုင်ကယ် ၂ စီးမျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ
DVB
·
March 14, 2017
အင်းတော်မြို့နယ်တွင် ဆိုင်ကယ် ၂ စီးမျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ရွာသာယာကျေးရွာအနီး မတ်လ ၁၄ ရက်နေ့

မနက်ပိုင်းက ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိတဲ့အတွက် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။

ဒီမနက် ၁၁ နာရီအချိန် အင်းတော်မြို့နယ် မော်တိတ်ရဲကင်းမှ  တာဝန်ရှိသူတွေဟာ ယာဉ်တိုက်မှု သတင်းအရ သက်သေတွေနဲ့အတူသွားရောက် စစ်ဆေးခဲ့ရာ အင်းတော်- ဗန်းမောက်ကားလမ်း မိုင်တိုင်အမှတ် ၃၀/၂ နဲ့ ၃ ကြား ရွာသာယာကျေးရွာအထွက် ကားလမ်းအတိုင်း အင်းတော်ကနေ ဗန်းမောက်ကို ရန်လင်းနိုင်မောင်းနှင်ပြီး နောက်မှ မတင်မာဌေး လိုက်ပါလာတဲ့ ကင်ဘိုအနက်ရောင်ဆိုင်ကယ်နဲ့ ဗန်းမောက်ကနေ အင်းတော်ဘက်သို့ ကျော်မြင့် မောင်းနှင်ပြီး မသန်းသန်းစိုး နောက်မှလိုက်ပါလာတဲ့ ကင်ဒါဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ။

ရန်လင်းနိုင်မှာ ယာမျက်ခုံးပေါက်ပြဲဒဏ်ရာ၊ ယာရင်အုံနာကျင်ဒဏ်ရာတို့ရရှိပြီး မတင်မာဌေးမှာ နှာဖူးပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ ၀ဲပါးရိုးပွန်းပဲ့ဒဏ်ရာ၊ ယာခြေသလုံးနာကျင်ဒဏ်ရာရရှိပြီး ကျော်မြင့်မှာ နှာဖူးပေါက်ကွဲသွေးထွက်ဒဏ်ရာ၊ ၀ဲခြေသလုံး ပေါက်ပြဲဒဏ်ရာတွေ ရရှိပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတဲ့အတွက် ယာဉ် မဆင်မခြင် မောင်းနှင်သူကို အရေးယူပေးပါဖို့ တိုင်ကြားထားတဲ့ အမှုဖြစ်တယ်လို့ အင်းတော်မြို့မ ရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးကပြောပါတယ်။

ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ အင်းတော်မြို့နယ် တောင်ကြီးရွာနေသူ ရန်လင်းနိုင် (၁၉ နှစ်) နဲ့ ဗန်းမောက်မြို့နယ် ဆင်မံစီရွာသစ်နေသူ ကျော်မြင့် (၄၆ နှစ်) တို့ကို အင်းတော်မြို့မရဲစခန်းက ယာဉ် ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄-က အရ အရေးယူဆောက်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013