DVB Logo
Home
မြန်မာသတင်း
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား
DVB
·
March 14, 2017
Donate to DVB

ပဲခူးတိုင်းအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက ယာဉ်မတော်တဆမှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၄ ရက် မနက်က ဒိုက်ဦးမြို့နယ် အုတ်သျှစ်ကုန်း အမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၆၃/၁ နဲ့ ၆၃/၂ တွင် တကြိမ်ဖြစ်ပွားပြီးနောက် ရေတာရှည်မြို့နယ် သာဂရ အမြန်လမ်း ရဲတပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် (၁၇၅/၆ နှင့် ၁၇၅/၇)အကြားမှာ နောက်တကြိမ် ဖြစ်ပွားကာ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ယာဉ်မတော်တဆမှု စုစုပေါင်း ၂ ကြိမ်ဖြစ်ပွားခဲ့တာပါ။

နေပြည်တော်ဘက်မှ ရန်ကုန်ဘက်ကို ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် နေသူ ယာဉ်မောင်းအောင်သန်းမင်း မောင်းလာတဲ့ ယာဉ်အမှတ် BB/9137 COROLLA VAN ခဲပြာရောင်ယာဉ်မှာ အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၆ /၁ နဲ့ ၆၃/၂)အကြား အရောက်မှာ ယာဉ်မောင်း အိပ်ငိုက်ကာ လမ်းလယ်ကပ်တုံးအား ဝင်တိုက်မိခဲ့ပြီး လမ်းလယ်ကျွန်းပေါ် ရောက်ရှိသွားခဲ့ပါတယ်။ လူများ ထိခိုက်ဒဏ်ရာမရရှိခဲ့ပေမယ့် ယာဉ်မှာ ရှေ့ဘန်ဘာပြုတ်ထွက်ပြီး အခြား ပျက်စီးမှုများ ရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ မနက် ၁ နာရီက သာဂရ အမြန်လမ်းမကြီး ရဲစခန်းအပိုင်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်  နေသူ ယာဉ်မောင်းဦးခင်ကျော် မောင်းနှင်လာသော CALDINA အဖြူရောင်ယာဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၁၇၅/ ၆ နှင့် ၁၇၅/၇)အကြားမှာ အမြန်လမ်းကို ဖြတ်ကူးနေတဲ့ ကျွဲတကောင်ကို ဝင်တိုက်မိခဲ့ပြီး လမ်းလယ်ကျွန်းပေါ်ကို ရောက်ရှိသွားခဲ့ပါတယ်။ လူများ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေမယ့် ကျွဲမှာ ဝမ်းဗိုက်ပြဲစုတ်ဒဏ်ရာနဲ့ ယာဉ်မှာ ရှေ့လေကာမှန်ကွဲပြီး အခြားပျက်စီးမတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်များနဲ့ ပတ်သက်ပြီး အုတ်သျှစ်ကုန်း အမြန်လမ်းမကြီး စခန်းယာဉ်မောင်း အောင်သန်းမင်းကို ယာဉ် (ပ)၄/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် လည်းကောင်း၊ သာဂရ အမြန်လမ်းမကြီးရဲစခန်းမှ (ပ)၅/၁၇ အမြန်လမ်းမကြီးများ ဥပဒေပုဒ်မ ၁၈ ဖြင့် လည်းကောင်း အမှုဖွင့်လှစ် အရေးယူထားပါတယ်။

သတင်း -  ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013