DVB Logo
Home
မြန်မာသတင်း
ခေါင်းဆောင်သစ်ရွေးချယ်မည့် ကေအန်ယူ ကွန်ဂရက် စတင်
DVB
·
March 14, 2017
ခေါင်းဆောင်သစ်ရွေးချယ်မည့် ကေအန်ယူ ကွန်ဂရက် စတင်
Donate to DVB

 

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူရဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက်ကို ဒီကနေ့ မတ်လ ၁၄ ရက်နေ့က ကေအန်ယူဌာနချုပ် လော်ဃီးလာ(ခေါ်) လေးဝါးစခန်းမှာ စတင်ကျင်းပနေပါတယ်။

ကွန်ဂရက်ကနေ ကေအန်ယူရဲ့ ၁၀ ယောက်မြောက် ဥက္ကဋ္ဌသစ်ကို ရွေးကောက် တင်မြှောက်မယ့်အပြင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ဗဟိုအမြဲတမ်း ကော်မတီဝင်တွေကိုလည်း ရွေးချယ်ကြမှာဖြစ်ပါတယ်။

ဒီကွန်ဂရက်မှာ ကေအန်ယူဗဟိုအပါအ၀င် တပ်မဟာ ၇ ခုက ကိုယ်စားလှယ်တွေ တက်ရောက်နေသလို နိုင်ငံတကာက ကရင်ကိုယ်စားလှယ်တွေ ပြည်တွင်းကရင်နိုင်ငံရေး ပါတီတွေ အပါအဝင် ကရင် လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ဒီကေဘီအေနဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီက ကိုယ်စားလှယ်တွေ လည်း တက်ရောက်ကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံးနေနဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက် လာရေးအတွက် လှုပ်ရှားတော်လှန်ခဲ့တာဖြစ်ပြီး လွတ်လပ်မျှတမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ ရှိတဲ့ ဒီမိုကရေစီစစ်ပေါ်ပေါက်လာဖို့ လှုပ်ရှားတိုက်ပွဲဝင်လာခဲ့ တာဖြစ်တယ်လို့ ကေအန်ယူ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ညီလာခံ အဖွင့်အမှာစကားမှာ ထည့်သွင်းပြောပါတယ်။

“ကျနော်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင် ပြီးပြည့်စုံဖို့ ကရင်အမျိုးသားထုတရပ်လုံး ၀ိုင်းဝန်း လုပ်ဆောင်ဖို့ လိုအပ်ပြီး မိမိတို့တတ်နိုင်တဲ့ဘက်က လုပ်ဆောင်နိုင်သမျှကို ပါဝင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ သိပ်မကြာခင်ကပဲ ကရင်လူမျိုးတို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဆောင်ခဲ့ပြီး ကရင်နိုင်ငံရေး ပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့တွေ တွေ့ဆုံပြီး ကရင်အမျိုးသားတခုလုံး လိုလားတောင့်တတဲ့အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ကရင့်တော်လှန်ရေး နှစ် ၆၀ ကျော် အတွင်း ဒါဟာ ပထမဆုံးအကြိမ် ညီညီညွတ်ညွတ်နဲ့ ကရင်လူမျိုတွေ စုဝေးပြီး ကရင်အမျိုးသား တို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေအတွက် တွေ့ဆုံတာဖြစ်ပါတယ်။ အခုချိန်မှာ ကျနော်တို့ လူမျိုးရဲ့မျှော်မှန်းထား တဲ့  နိုင်ငံရေးမျှော်မှန်းချက်တွေ မပြည့်စုံသေးပါဘူး။ ကျနော်တို့ရဲ့လှုပ်ရှားမှုကို ရပ်လို့ မရသေးပါဘူး။ ကျနော်တို့ရဲ့ရည်မှန်းချက်ကို တည်တည်ထားပြီး ကျနော်တို့လူမျိုးတွေရဲ့ လိုလားတောင့်တနေတဲ့ ရည်မှန်းချက်ပန်းတိုင်ရတဲ့ထိ ပြီးပြည့်စုံတဲ့ လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်”လို့ ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးက ကရင်ဘာသာနဲ့ ပြောကြားသွားပါတယ်။

ကေအန်ယူရဲ့ ကွန်ဂရက်ကို ၄ နှစ် ၁ ကြိမ် ကျင်းပလေ့ရှိပြီး ကျင်းပချိန်ကို နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလတွေမှာ ကျင်းပလေ့ရှိပါတယ်။

အစောပိုင်းကတော့ ၁၆ ကြိမ်မြောက် ကွန်ဂရက်ကို နိုဝင်ဘာ ၂၁ ရက်မှာ စတင် ကျင်းပဖို့ ရည်ရွယ်ခဲ့ပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပမယ့် ၂၁ ပင်လုံညီလာခံရှိနတာကြောင့် ဒီကွန်ဂရက်ကျင်းပမယ့်ရက်ကို ရွေ့ဆိုင်းခဲ့ရပါတယ်။

နိုင်ငံရေးအပြောင်းအလဲကာလ ကေအန်ယူခေါင်းဆောင်သစ် ဘယ်သူဖြစ်လာမလဲဆိုတာ ကိုတော့ ကရင်လူထုတွေ စိတ်ဝင်စားနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013