DVB Logo
Home
မြန်မာသတင်း
မုံရွာ-ပုသိမ်လမ်းမကြီးတွင် ကျောက်ကားများကို လက်ပံတောင်းဒေသခံများမှ တားဆီး
DVB
·
March 14, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ကျောက်သယ်တဲ့ ကားတွေကို မတ်လ ၁၄ ရက်နေ့ မနက် ၉ နာရီချိန်က စတင်ပြီး မုံရွာ-ပုသိမ်လမ်းမကြီးဘေးရှိ မိုးကြိုးပြင်မြောက်ရွာထိပ်ကနေ ဒေသခံတွေက ပိတ်ဆို့တားဆီးထားပါတယ်။

အခုလို တားဆီးရတာဟာ ကျောက်ကားတွေအနေနဲ့ စည်းကမ်းမဲ့ မောင်းနှင်နေတဲ့အတွက် ယခုလို တားဆီးရတာဖြစ်တယ်လို့ မိုးကြိုးပြင်မြောက်ရွာမှ ဒေသခံရွာသား ကိုဖိုးလပြည့်က ပြောပါတယ်။

“စီမံကိန်းက ကျောက်ကားတွေက စည်းကမ်းမဲ့ အရှိန်နဲ့ ထင်သလို မောင်းနေကြတာ ဒေသခံတွေအတွက် အန္တရာယ်အရမ်းများပါတယ်။ ဟိုတနေ့ကလည်း ရွာက အမျိုးသမီးတယောက်ကို တိုက်ပြေးတယ်။ ကျနော်တို့အနေနဲ့ ဒီလမ်းပေါ်မှာ ကျောက်ကားတွေ မဖြတ်စေချင်တော့ဘူး။ ဒါကြောင့် အခုလို တားဆီးရတာပါ။ လက်ရှိတော့ အခြေနေတင်းမာနေဆဲပဲ”လို့ ပြောပါတယ်။

လက်ရှိမှာတော့ မိုးကြိုးပြင်မြောက်ရွာထိပ်မှ အခုလို တားဆီးထားတာကြောင့် ကျောက်ကား အစင်း ၁၀၀ နီးပါး ပိတ်ဆို့နေပါတယ်။

မနက်ပိုင်းက ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးတို့က လာရောက် ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ပါဘူး။

မတ်လ ၁၁ ရက်နေ့က မိုးကြိုးပြင်မြောက်ရွာမှ အမျိုးသမီး ၁ ဦးကို ကျောက်ကားက ဝင်ရောက်တိုက်ပြေးခဲ့တဲ့အတွက် ဒဏ်ရာရရှိကာ မုံရွာမြို့ဆေးရုံမှာ ကုသမှုခံယူခဲ့ရဖူးပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013