DVB Logo
Home
မြန်မာသတင်း
လောက်​ကိုင်​ စစ်​​ဘေး​ရှောင်​​များ လားရှိုးမြို့ကို​ဆက်လက်ရောက်ရှိလာ
DVB
·
March 14, 2017
လောက်​ကိုင်​ စစ်​​ဘေး​ရှောင်​​များ လားရှိုးမြို့ကို​ဆက်လက်ရောက်ရှိလာ
1 / 4
Donate to DVB

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်ကို ဒီကနေ့ မတ်လ ၁၄ ရက်ထိ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့နယ်က စစ်ဘေးရှောင်လာသူတွေ  ရောက်ရှိလာနေဆဲ ဖြစ်ပါတယ်။

မန်ဆူရှမ်းကျောင်းကို ရောက်ရှိလာတဲ့ စစ်ရှောင်အများစုဟာ မြန်မာပြည်အလယ်ပိုင်း ဒေသတွေကနေ ကိုးကန့်နယ်ကိုသွားပြီး ကြံခုတ်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နေကြတဲ့ မိသားစုတွေ ဖြစ်ပါတယ်။

ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ် ရန်လုံကျိုင်းနယ်စပ်ဂိတ်က ပြည်သူတွေဟာ မြန်မာနိုင်ငံဘက်ခြမ်းကို ထွက်လာဖို့ လက်ရှိချိန်ထိပိတ်မိနေဆဲ ဖြစ်ပြီး အများစုကတော့ တရုတ်နိုင်ငံ နမ်ဆန်မြို့ဘက်ကို ကူးသွားကြပါတယ်။

မြန်မာ-တရုတ်နယ်စပ်တလျှောက်မှာ ပိတ်မိနေသူ ၅၀၀ ကျော်ရှိကာ လူဦးရေ ၂၀၀ ကျော်ကတော့ အစားအသောက်တွေ ပြတ်လပ်နေပြီလို့ ကူညီနေသူတွေ ပြောပါတယ်။

လောက်ကိုင်မြို့တဝိုက်က ကျေးရွာတွေကနေ လောက်ကိုင်ဆေးရုံဝင်းအတွင်းက ကယ်ဆယ်ရေးစခန်းကို ရောက်ရှိလာသူတွေကို နေရပ်ပြန်နိုင်ဖို့အတွက် လောက်ကိုင်ခရိုင် ကြက်ခြေနီအသင်းက ချင်းရွှေဟော်မြို့ကို ပို့ပေးနေပြီး လားရှိုးမြို့က ပရဟိတအသင်းတွေနဲ့ သက်ဆိုင်ရာဌာနတွေကတော့ ချင်းရွှေဟော်မြို့ရောက် စစ်ရှောင်ပြည်သူတွေကို အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးကာ မန္တလေးမြို့ ကျွဲဆည်ကန် ကားကြီးကွင်းအထိ ပို့ဆောင်ပေး နေပါတယ်။

လားရှိုးမြို့က ပရဟိတအဖွဲ့အနေနဲ့ မတ်လ ၇ ရက်နေ့ကနေ့ မတ်လ ၁၄ ရက်နေ့ထိ စစ်ရှောင်ပြည်သူ ၅၂၄၀ ကျော်ကို ကူညီပေးပြီးဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ကိုးကန့်ဒေသမှာ အစိုးရတပ်မတော်နဲ့ MNDAA ကိုးကန့်တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ မတ်လ ၆ ရက်နေ့ကစလို့ ဖြစ်ပွားနေတဲ့ လောက်ကိုင်မြို့နယ်က တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေလည်း ရှိနေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013