DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်မြို့နယ်တွင် တရားမဝင် သစ်ခွဲစက်များ ပိုင်ရှင်မဲ့ ဖမ်းမိ
DVB
·
March 14, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့ အရှေ့တောင်ဘက် ပန်းတင် ကျေးရွာအနီးမှာ မတ်လ ၁၃ ရက်နေ့ က တရားမဝင် သစ်ခွဲစက်နဲ့ သစ်ခွဲသားများ ဖမ်းဆီး ရမိခဲ့ပါတယ်။

တပ်မတော်စစ်ကြောင်းမှ သတင်းအရ ပန်းတင်ကျေးရွာရဲ့ အရှေ့ဘက် တောအတွင်း နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် တရားမဝင် သစ်ခွဲစက် တလုံးနဲ့ အတူ ဆက်စပ်ပစ္စည်း ၅ မျိုး ချိန်းဆော ၂ လက်၊ ကျွန်း ခွဲသား ဆိုဒ်စုံ ၂ ဒသမ ၉၀၃၆ တန်၊ ကျွန်းသစ်လုံး ဆိုဒ်စုံ ၃၈ လုံး ၉ ဒသမ ၉၂၈ တန် ဖမ်းဆီး ရမိခဲ့ပါတယ်။

အဲဒါအပြင် ၄င်းနဲ့ အနီးတဝိုက်မှာ ဆက်လက် ရှာဖွေရာ တမလန်းသစ် ၂၄ လုံး၊ တမလန်းသစ် ဆိုဒ်စုံ ၁၃ လုံး၊ ကျွန်းသစ်လုံး ဆိုဒ်စုံ ၁၂၈ လုံး၊ ကျွန်းသစ် ခွဲသား ဆိုဒ်စုံ ၇ ဒသမ ၈၄၇ တန်၊ ၂၅ ကောင် အင်ဂျင် ၁ လုံး၊ ချိန်းဆော့ ၁ လက်၊ လွှဝိုင်း ၁ ခုတို့ကို ဆက်လက် ဖမ်းမိခဲ့ပါတယ်။

ကျွန်းသစ်နဲ့ တမလန်းသစ် စုစုပေါင်း ၅၁ ဒသမ ၃၂၆၆ တန်၊ ကာလတန်ဖိုး ငွေကျပ် သိန်း ၁၀၀ ကျော်တန်ဖိုးခန့် ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

တရားမဝင်သစ် ထုတ်ယူမှု များပြားလာနေတာနဲ့ ပတ်သက်လို့ မြန်မာ့သစ်လုပ်ငန်းကြီး လုပ်ကိုင်ခွင့် ရထားသကဲ့သို့ ထုတ်ယူနေကြတာ ဖြစ်ပြီး သက်ဆိုင်ရာ နယ်မြေခံ ဘိနယ် သစ်တောနဲ့ ရဲ တွေအနေနဲ့ တရားမဝင်သစ် ဖမ်းဆီးရာမှာ အရေးယူ မှုတွေ အားနည်းနေတာနဲ့ ပတ်သက်လို့ ဒေသခံတွေ အနေနဲ့ ဝေဖန် ပြောဆိုမှုတွေ ရှိနေပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ သစ်ခွဲစက် သစ်လုံးများနဲ့ သစ်ခွဲသားတွေကို အင်းတော်မြို့နယ် ထွေ/အုပ် ဦးစီးမှူး ဦးမြတ်ကိုထွေး၊ သစ်တော ဦးစီးမှူး ဦးခိုင်မွန်၊ မြို့နယ်ရဲစခန်း မှ ရဲအုပ် သန်းထွန်းနိုင်တို့ထံ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ထားတယ် လို့ ဆိုပါတယ်။

သတင်း - သီဟဆွေ(ကသာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013