DVB Logo
Home
မြန်မာသတင်း
အင်းစိန်အကျဉ်းထောင်တွင် လူ့အခွင့်အရေးချိုးဖောက်မှုမတွေ့ရှိဟု ကော်မရှင်ပြော
DVB
·
March 14, 2017
အင်းစိန်အကျဉ်းထောင်တွင် လူ့အခွင့်အရေးချိုးဖောက်မှုမတွေ့ရှိဟု  ကော်မရှင်ပြော
1 / 4
Donate to DVB

 

ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းသားဦးရေကျပ်တည်းနေပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှု မရှိဘူးလို့ မြန်မာနိုင်ငံအမျိုသား လူ့အခွင့်အရေး ကော်မရှင်ကပြောပါတယ်။

ကော်မရှင်အရာရှိ ဦးယုလွင်အောင် ဦးဆောင်တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေက  အင်းစိန်မြို့နယ်ထဲမှာရှိတဲ့ ရဲစခန်း အကျဉ်းထောင် နဲ့ တရားရုံးတို့ကို မတ်လ ၁၄ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒီလိုစစ်ဆေးမှုမှာ အကျဉ်းသားဦးရေ ကျပ်တည်းနေတာကိုသာ တွေ့ရှိခဲ့ရတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် ကဆိုပါတယ်။

ဒီအင်းစိန်အကျဉ်းထောင်က အကျဉ်းသား ၅၀၀၀လောက်ပဲဆန့်တာ အခုက သောင်း ကျော်နေတယ်။ ဒါတွေကိုလည်း ပြည်ထဲရေးဌာနကို တင်ပြသွားမှာပါ လို့ လည်းပြောပါတယ်။

ဒါ့အပြင် အကျဉ်းသားတွေတဦးချင်းတင်ပြခွင့်ပေးခဲ့ရာမှာ အကျဉ်းသား ၂ ဦးက လာရောက် တင်ပြခဲ့တယ်လို့သိရပါတယ်။

အကျဉ်းသားတချို့က မိခင်နဲ့အတူ တစ်ထောင်ထဲနေခွင့်ရဖို့ တောင်းဆိုတာရှိသလို နိုင်ငံခြားသား အကျဉ်းသားတဦးကလည်း သူ့နိုင်ငံကထောင်မှာ ပြန်အကျဉ်းကြခံခွင့်ရဖို့ တောင်းဆိုတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင်အကျဉ်းထောင်ထဲက ဆေးရုံးမှာလဲ လူနာတွေများပြားနေတာကြောင့် အခက်အခဲတွေ ရှိနေတာကိုလည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြသွားမှာဖြစ်တယ်လို့ ဦးယုလွင်အောင်ပြောပါတယ်။

ဒီနေ့ အကျဉ်းထောင်တွင်း စစ်ဆေးခဲ့ရာမှာ တွေ့ရှိခဲ့ရတဲ့ အချက်အလက်တွေကို အစီရင်ခံစာရေးပြီး တစ်ပတ်အတွင်း သက်ဆိုင်ရာဌာနတွေကိုတင်ပြသွားမှာဖြစ်ပါတယ်။

အခုအကြိမ်စစ်ဆေးမှုဟာ ရန်ကုန်တိုင်းအတွင်းမှာသုံးကြိမ်မြောက်ဖြစ်ပြီး လှည်းကူးမြို့နယ် တွံတေးမြို့နယ်တို့က အကျဉ်းထောင် ရဲစခန်းနဲ့ တရားရုံးတို့ကိုစစ်ဆေးခဲ့သလို ရခိုင်ပြည်နယ် ကျောက်ဖြူ သံတွဲမြို့နယ်တွေထဲက အကျဉ်းထောင်တွေကိုလည်း စစ်ဆေးသွားဖို့ရှိနေပါတယ်။

ဟိန်းကို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013