DVB Logo
Home
မြန်မာသတင်း
ရေး-ကလော့-ဟံဂံ-ခေါဇာမြို့ သွားမည့်တံတားအား သန်း ၇၀၀ အကုန်ကျခံ တည်ဆောက်မည်
DVB
·
March 14, 2017
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့ရှိ ရေး-ကလော့-ဟံဂံ-ခေါဇာမြို့ကို ဆက်သွယ်ထားတဲ့ တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၇၀၀ အကုန်အကျခံကာ ခေါဇာမြို့ လမ်းဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ပေးသွားမှာ ဖြစ်တယ်လို့ ခေါဇာမြို့ လမ်းဦးစီးဌာနမှ သိရပါတယ်။

လမ်းပေအရှည် ၂၀၀ ပေ၊ အကျယ် ၃၀ ပေ၊ ခွင့်ပြုတန်ချိန် ၆၀ ဖြစ်ပြီး ရေကင်းလွတ်ခွင့် ၁၇ ပေ ၆ လက်မ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှစတင်ကာ မတ်လအတွင်း တာဝန်ယူပြီး ရာနှုန်းပြည့် အပြီးတည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။

ယခုပြီးစီးမှု အခြေအနေမှာ ၅၀ ရာခိုင်နှုန်းသာ ပြီးစီးနေပါတယ်လို့ ခေါဇာမြို့လမ်းဦးစီးဌာနမှ အင်ဂျင်နီယာ ဦးသိန်းထိုက်က ပြောပါတယ်။

“အရင်က ဒီတံတားမှာ ကြိုးတံတားဟောင်း၊ သစ်သားတံတား ဖြစ်တယ်။ ၁၉၉၇ ခုနှစ်က နတလ အစီအစဉ်ဖြင့် ဘေလီတံတားဖြစ်ပြီး ယနေ့ နိုင်ငံတော်မှ သံကူကွန်ကရစ်တံတားအသစ်ကို တည်ဆောက်ပေးတာ ဖြစ်ပါတယ်။ အရင်က မိုးရာသီရောက်တိုင်း ရေကြီးရေလျှံ ရေနစ်မြုပ်မှုတွေနဲ့ ကြုံတွေ့ရတာကြောင့် အခု တံတားသစ်နဲ့ ဒေသခံတွေ အဆင်ပြေပြေ သွားလာနိုင်ပါမယ်” လို့ ဟံဂံကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်သောင်းက ပြောပါတယ်။

အဆိုပါ ရေး-ကလော့-ဟံဂံ-ခေါဇာမြို့ကို ဆက်သွယ်ထားတဲ့ တံတားမှာ ကျေးရွာပေါင်း ၂၀ ခန့်မှ လူဦးရေ ၂ သောင်းကျော်အတွက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ အခြား ဒေသထွက်ကုန် ကူးသန်းရောင်းဝယ်သွားလာနိုင်မယ့်အပြင် ခရီးသွားလုပ်ငန်းဖြစ်တဲ့ ကဗျာဝပင်လယ်ကမ်းခြေ ဓနိကြာ၊ မကျီးချောင်းဝ ပင်လယ်ကမ်းခြေအတွက် အထောက်အကူပြုမှာ ဖြစ်ပါတယ်။ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးကိုလည်း ချိတ်ဆက်သွားလာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013