DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင်း တရားမဝင် ကျွန်းသစ်နှင့် ကျွန်းခွဲသားများ ၁၂ တန်ကျော် ပိုင်ရှင်မဲ့ ဖမ်းမိ
DVB
·
March 14, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အင်းတော်မြို့နယ် တပ်လွင်ကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ်နဲ့ ကျွန်းခွဲသားတွေကို မတ်လ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်က ဖမ်းဆီးရမိခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

အင်းတော်မြို့နယ် စီ/ခန့် ဥက္ကဋ္ဌ ဦးမြတ်ကိုထွေး၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးခိုင်မွန်၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သန်းထွန်းလှိုင် ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ ရှေ့တန်း ခလရ (၂၂၈) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သန်းထွန်းအောင် ဦးစီးတဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းမှ တရားမဝင်သစ်များ ဖမ်းဆီးထားကြောင်း သတင်းအရ အင်းတော်မြို့နယ် တပ်လွင်သစ်တောကြိုးဝိုင်း အကွက်အမှတ် (၂၆)၊ မန်ကျည်းပင် ဘိနယ်တောအတွင်းမှ တရားမဝင် ကျွန်းသစ် ၃၈ လုံး ၉ ဒသမ ၉၂၈ တန်၊ ကျွန်းခွဲသား ၁၈၉ ချောင်း ၂ ဒသမ ၀၃၆ တန်၊ စုစုပေါင်း ကျွန်းသစ်နဲ့ ခွဲသား ၁၂ ဒသမ ၈၃၁၆ တန်နဲ့ ချန်ချိုင်းအမျိုးအစား ၂၅ ကောင်  အင်ဂျင်တလုံး၊ ဆက်စပ်ပစ္စည်း ၈ မျိုး၊ ချိန်းဆော ၂ လုံးတို့ကို ပိုင်ရှင်မဲ့ သိမ်းဆည်းထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဆိုပါသက်သေခံပစ္စည်းများကို ဒုတိယဗိုလ်မှူးကြီးသန်းထွန်းအောင်က ဘိနယ်တာဝန်ခံ တောအုပ် ဦးရဲမြင့်သန်းထံ လွှဲပြောင်းပေးအပ်ထားကြောင်း သိရပါတယ်။

သတင်း - ကိုကျော် (အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013