DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ပိတ်ရက် (၅) ရက်လား၊ (၁၀)ရက်လား ရှင်းတမ်း
DVB
·
March 14, 2017
သင်္ကြန်ပိတ်ရက် (၅) ရက်လား၊ (၁၀)ရက်လား ရှင်းတမ်း
Donate to DVB

 

လာမယ့်မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလ အများပြည်သူ အလုပ်ပိတ်ရက်ကို ၁၀ရက်ကနေ ၅ ရက် အစိုးရက တရားဝင် ပြောင်းလဲပြင်ဆင်သတ်မှတ်ထားပြီးဖြစ်ပါတယ်။  ပိတ်ရက် မလျော့အောင် သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ ခရစ်နှစ်နှစ်ကူးတွေမှာ ၅ ရက် အစားထိုး ပိတ်ပေးထားပြီးလည်း ဖြစ်ပါတယ်။

ဒါပေမယ့်   ဝန်ထမ်းတွေ သင်္ကြန် ၁၀ ရက် နားရအောင် ဌာနအစီအစဉ်နဲ့လုပ်ပေးဖို့ ညွှန်ကြားချက် ထုတ်ခဲ့တယ်လို့ သမ္မတရုံး ဒုညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရှင်းလင်းရေးသားထားပါတယ်။

အပြည့်အစုံ…

(၅) ရက်လား၊ (၁၀)ရက်လား ရှင်းတမ်း

သင်္ကြန်ကာလ ရုံးပိတ်ရက် (၁၀) ရက် ပိတ်ပေးခဲ့တာ ၂၀၀၇ ခုနှစ်ကစတင်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် သင်္ကြန်ရောက်ရင် ၁၀ ရက် ပိတ်ရက်ရမယ်။ ၁၀ ရက် နားရမယ်။ ရက်ရှည် ပိတ်ရက်မှာ ရဟန်းခံမယ်၊ တရားစခန်းဝင်မယ်၊ ခရီးသွားမယ်၊ မိဘအိမ်ပြန်မယ်၊ အလှူအတန်းတွေလုပ်မယ် စသဖြင့် သူသူကိုယ်ကိုယ် စီစဉ်ထားကြတာ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ၅ လပိုင်းကတည်းက အများပြည်သူ ရုံးပိတ်ရက် သတ်မှတ်ချက်မှာ မြန်မာနှစ်သစ်ကူးကာလ ရုံးပိတ်ရက် ၁၀ ရက်အဖြစ် ကြေညာ ထားပြီး ဖြစ်နေပါတယ်။ (သင်္ကြန်ပိတ်ရက် ၁၀ ရက် ကြေညာထားပြီးဖြစ်)

ဒါပေမယ့် မတ်လ ၁၀ ရက်နေ့ (ပြီးခဲ့တဲ့ သောကြာနေ့)မှာ မြန်မာနှစ်သစ်ကူးကာလ ရုံးပိတ်ရက်ကို ၅ ရက်အဖြစ် ပြင်ဆင် သတ်မှတ်လိုက်ပါတယ်။ (ပိတ်ရက် ၁၀ ရက်မှ ၅ ရက် လျော့နည်းသွားခြင်း)

ဒီမှာပဲ ပိတ်ရက် ၅ ရက် လျော့သွားပါပြီ။ မူလ ရရှိပြီး ပိတ်ရက် ၅ ရက် လျော့သွားပါပြီ။ ဒီလို လျော့နည်းသွားတဲ့အတွက် ဆုံးရှုံးမှု မရှိစေဖို့ လျော့သွားတဲ့ ၅ ရက်ကို သီတင်းကျွတ်ပိတ်ရက်၊ တန်ဆောင်တိုင်ပိတ်ရက်နဲ့ ခရစ်သက္ကရာဇ် နှစ်ကူးကာလပိတ်ရက်တွေထဲကို အစားထိုးပေးလိုက်ပါ တယ်။ (ပိတ်ရက် ၅ ရက် အစား ပြန်ပိတ်ပေးခြင်း)

ဒီအပိုင်းက ရှင်းပါတယ်။ ၁၀ ရက်ကနေ ၅ ရက်ကို လျှော့ချလိုက်ခြင်း၊ ပိတ်ရက် မလျော့အောင် အစားထိုးပိတ်ပေးခြင်း ဖြစ်ပါတယ်။

ဒီအချိန်မှာ ဝန်ကြီးဌာနတွေကို ၅ ရက်လျှော့မယ် ဆိုရင် အဆင်မပြေတာတွေ ဘာတွေ ဖြစ်လာနိုင်သလဲ သဘောထားတွေ တောင်းခံခဲ့ပါတယ်။

ဌာနဆိုင်ရာတွေကတော့ အခက်အခဲ မရှိပါဘူး။ ဒါပေမယ့် ဝန်ထမ်းတွေကတော့ ၁၀ ရက်ဆိုပြီး ကြိုတင်စီစဉ်ထားတာတွေ ရှိနေပါတယ်။ ဒီအစီအစဉ်တွေ ကသိကအောက် ဖြစ်လာရင် ဆိုတဲ့ တင်ပြချက်တွေ ရရှိခဲ့ပါတယ်။ တချို့ဆိုရင် နယ်မှာ အလှူအတန်းလုပ်ဖို့ တီးဝိုင်းတွေ၊ အဆိုတော်တွေ စရန်ပေးပြီး ငှားထားရတာတွေ ရှိပါတယ်။ ပြန်လျော်ရတာတွေတောင် ရှိနိုင်တယ် ဆိုတာမျိုး တင်ပြချက်တွေ ရရှိလာခဲ့ပါတယ်။ စောစောကတည်းက ၅ ရက်လို့ ကြိုပြီး ကြေညာထားရင် ဒီလို အစီအစဉ်တွေ ဘယ်ဆွဲထားမလဲ၊ နီးမှ ကပ်ပြီး ၅ ရက် သတ်မှတ်တော့ အကုန် ဒုက္ခရောက်ကုန်ရော ဆိုတဲ့ တင်ပြချက်တွေလည်း ရရှိခဲ့ပါတယ်။

ဒီတော့ ဝန်ထမ်းတွေ မနစ်နာရအောင် ဘယ်လို စီစဉ်မလဲ ဆိုတာကို လူကြီးတွေ ပြန်လည်စဉ်းစားသုံးသပ်ပြီးတော့ ကိုင်း ဒါဆိုရင် နိုင်ငံ့ဝန်ထမ်းတွေ မူလ စီစဉ်ထားတဲ့ အစီအစဉ်တွေ လုပ်လို့ရအောင် နောက်ထပ် ၅ ရက်ကို ဌာနဆိုင်ရာ အစီအစဉ်နဲ့လုပ်ပေးလိုက်။ ရုံးပိတ်ရက် ၅ ရက်နဲ့ဆိုရင် ၁၀ ရက်ရမယ်။ ဌာနတွင်းမှာ အလုပ် မပျက်အောင် အုပ်ချုပ်မှုနည်းလမ်းနဲ့ဌာနဆိုင်ရာ အထူးအစီအစဉ် စီစဉ်ပေးကြပါ၊ ဒါလည်း ဒီနှစ်အတွက်ပဲ၊ နောက်နှစ်တော့ အထူးအစီအစဉ် မရှိတော့ဘူး ဆိုပြီး ဝန်ကြီးဌာနအားလုံးနဲ့ဗဟိုရုံးတွေက အမြဲတမ်းအတွင်းဝန်တွေနဲ့အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

ဒီအစည်းအဝေး တင်ပြချက်တွေကို အခြေခံပြီး-

(၁) သင်္ကြန်ရုံးပိတ်ရက်ကတော့ ၅ ရက် ပြင်လိုက်ပါတယ်။

(၂) ပိတ်ရက် မလျော့အောင် သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ ခရစ်နှစ် နှစ်ကူးတွေမှာ ၅ ရက် အစားထိုး ပိတ်ပေးပါတယ်။

(၃) ဝန်ထမ်းတွေ သင်္ကြန် ၁၀ ရက် နားရအောင် ဌာနအစီအစဉ်နဲ့လုပ်ပေးဖို့ ညွှန်ကြားချက် ထုတ်ခဲ့ပါတယ်။ (ရုံးပိတ်ရက် ၁၀ ရက်မဟုတ်)

(၄) ပြန်ပေါင်းရင် ဝန်ထမ်းတွေ အတွက် မူလကထက် နားရက် (ပိတ်ရက်မဟုတ်) ၅ ရက် ပိုပြီး ရလာတဲ့ သဘောပါပဲ။

(၅) ဒါကလည်း ဒီ ၂၀၁၇ ခုနှစ်အတွက်ပဲ ဖြစ်ပါတယ်။ နောက်နှစ် တော့ သင်္ကြန်တွင်း ပိတ်ရက် ၅ ရက်အတိုင်းပဲ၊ ဌာနဆိုင်ရာ စီစဉ်ပေးတာတွေ မရှိတော့ဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013