DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားသားကုမ္ပဏီဝန်ထမ်းမောင်းလာသည့်ကား အရှိန်လွန်ကာ သစ်ပင်နှင့် ထမင်းဆိုင် ဝင်တိုက်
DVB
·
March 14, 2017
နိုင်ငံခြားသားကုမ္ပဏီဝန်ထမ်းမောင်းလာသည့်ကား အရှိန်လွန်ကာ သစ်ပင်နှင့် ထမင်းဆိုင် ဝင်တိုက်
Donate to DVB

 

ရခိုင်ပြည်နယ် စစ်တွေမြို့ မေယုလမ်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ရုံးရှေ့မှာ ကားတစီးအရှိန်လွန်ပြီး သစ်ပင်နဲ့ ထမင်းဆိုင်တဆိုင်ကို ဝင်ရောက်တိုက်ပွားမှု ဖြစ်ပွားခဲ့ပါ တယ်။

မတ်လ ၁၂ ရက်နေ့ ည ၁၂ နာရီဝန်ကျင်းက တယ်လီကွန်း တာဝါဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတဦးဖြစ်တဲ့ Mr Bright မောင်းလာတဲ့ကားHilux အမျိုးအစားကားဟာ အရှိန်လွန်ပြီး အရှိန်မထိန်းနိုင်လို့ အနီးအနားမှာရှိတဲ့ သစ်ပင်နဲ့ ရွှေခိုင်အေးထမင်းဆိုင်ကို ဝင်ရောက်တိုက်မိခဲ့တာဖြစ်ပါတယ်။

အရှိန်လွန်ပြီး သစ်ပင်နဲ့ ထမင်းဆိုင်ဝင်ရောက်တိုက်မိခဲ့တာကြောင့် ကားခေါင်းတခုလုံး ကြေမွပျက်စီး သွားပြီး ယာဉ်မောင်းအနည်းငယ်ဒဏ်ရာရရှိသွားတယ်လို့ စစ်တွေမြို့မရဲစခန်းက စခန်းမှူး ရန်နိုင်လတ်က ဒီဗွီဘီကိုပြောပါတယ်။

“မနေ့ညက ၁၁ နာရီ ၄၅ မိနစ်လောက် လေယာဉ်ကွင်းအကွေးနားလေးမှာ အရှိန်လွန်ပြီးတော့ တိုက်မိတာပါ။ သစ်ပင်ကို ဝင်တိုက်ပြီးတော့ သစ်ပင်ရဲ့ထက်ပိုင်းက လုံးဝကျိုးသွားတယ်။ ပြီးတော့ ကားက ဘေးနားက ရွှေခိုင်အေးဆိုတဲ့ ထမင်းဆိုင်ဝင်သွားတာ။ အရှိန်မထိန်းနိုင်လို့ ဝင်တိုက်မိတာ ပေါ့။ ဘေးပတ်ဝန်ကျင်းကတော့ တစ်စုံတဦးမှထိခိုက် ဒဏ်ရာရတာတော့မရှိဘူး။ ထမင်းဆိုင်ဝင်တိုက် တော့ ဆိုင်ရဲ့တခါးက လုံးလုံးကိုပျက်စီးသွားတယ်။ ဆိုင်ရဲ့ဆုံးရှုံးမှုတန်ဖိုးကတော့ နှစ်သိန်းခွဲ ဝန်းကျင်လောက်ရှိပါတယ်။”

ယာဉ်မောင်းသူမှာတော့ ပြင်းပြင်းထန်းဒဏ်ရာရတာ မရှိသလို ခေါင်းမှာပေါက်ပြဲဒဏ်တချက်ရသွားပြီး နှာခေါင်းမှာ အနည်းငယ်သွေးထွက်သွားတယ်လို့ စခန်းမှူးက ပြောပါတယ်။ အခုလို ဝင်တိုက်မိတာကြောင့် ကားခေါင်း ရှေ့မှန်တွေအကုန်ပျက်စီးသွားပြီး ဘေးပတ်ဝန်းကျင်က ထိုခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ပြောပါတယ်။

ယာဉ်မောင်းသူဟာ အရက်သေစာသောက်ထားတာ မတွေ့ရဘူးလို့ စခန်းမှူက ဆက်လက်ပြောပါတယ်။

စစ်တွေမြို့မရဲစခန်းကယာဉ်မောင်းသူ ဂါနာနိုင်ငံသား Mr.Bright အသက် ၃၅ နှစ်ကို ယာဉ် ပ/၆၊ ရာဇသတ်ကြီး ပုဒ်မ၂၇၉ ၃၃၇/၄၂၇နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013