DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် နွေရာသီ ရေရှားပါးပြတ်လပ်မှုနှင့် စတင်ကြုံတွေ့နေရ
DVB
·
March 14, 2017
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာမှာ နွေရာသီ ရောက်လာတာနဲ့အမျှ ရေတွင်းတွေမှာ  ရေရှားပါးပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ကျေးရွာနေသူတွေထံကသိရပါတယ်။

ရွှေပြည်သာကျေးရွာမှာ လူနေ အိမ်ခြေ ၂၀၀ ကျော်လောက်နဲ့  လူဦးရေက ၁၀၀၀ ကျော်လောက် နေထိုင်နေကြတာ ဖြစ်ပါတယ်။

ရွာရဲ့အကြီးအကဲတစ်ယောက်ဖြစ်တဲ့  ဦးတင့်ဇော်က“ လက်ရှိ ရေတွင်းရေ ခန်းခြောက်လာတဲ့အခါ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်လောက်က အလှူရှင်တဦး လှူဒါန်းခဲ့တဲ့ အဝီစိစက်ရေတွင်း ရေကန်က ရေကိုသာ အဓိကအားထား အသုံးပြုနေရပြီး လုံလောက်မှုမရှိတာကြောင့် အခက်အခဲတွေ ပိုရှိလာတယ်” လို့ ပြောပါတယ်။

ကျေးရွာသားဦးကျော်စိုးဦးကလည်း “စန်းပွင့်စိန်ကုမ္ပဏီက စက်ရေတွင်း ၂ တွင်း တာဝန်ယူ တူးဖော်ထားရှိပေမယ့်လည်း ၁၅ မိနစ် ၁ ကြိမ် ရေထွက်ပြီး ၁ နာရီ၊ ၂ နာရီနားပြီးမှ ရေကို ပြန်တင်ရပါတယ်” လို့ ပြောပါတယ်။

လက်ရှိ အဆိုပါကျေးရွာမှာ နေထိုင်သူတွေဟာ   စက်ရေတွင်း ၂ တွင်းကနေ ရေတွေကို အပြည့်အဝ မသုံးစွဲရတဲ့အပြင် ရေကန်ကရရှိတဲ့ ရေကလည်း လုံလောက်မှုမရှိတာကြောင့် နေ့စဉ်နဲ့အမျှရေရရှိဖို့  လတ်တလော ရေအလှူရှင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

သတင်း - နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013