DVB Logo
Home
မြန်မာသတင်း
မြန်မာခရီးရှည်စက်ဘီးစီးအဖွဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက်ရှိ
DVB
·
March 14, 2017
မြန်မာခရီးရှည်စက်ဘီးစီးအဖွဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက်ရှိ
Donate to DVB

 

မြန်မာနိုင်ငံ ရန်ကုန်မြို့ကနေ မိုင်ထောင်ချီခရီးရှည် စက်ဘီးစီးတဲ့ မြန်မာနိုင်ငံသား ၁၁ ယောက်ပါ Bicycle Network အဖွဲ့ဟာ ထိုင်းနိုင်ငံချင်းမိုင်မြို့ကို ပထမဆုံးအကြိမ် ရောက်ရှိလာပါတယ်။

Asean Frendship Bike Trip လို့ ခေါင်းစဉ် တပ်ထားတဲ့ ဒီခရီးရှည် စက်ဘီးစီးတဲ အဖွဲ့ဟာ ပြည်ပကို တရားဝင်ဗီဇာနဲ့ မြန်မာနိုင်ငံ မြဝတီနယ်စပ်ကနေ ထိုင်းနိုင်ငံကို ဝင်ရောက်စီးနင်းခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ဒီခရီးကို မတ်လ ၆ ရက်နေ့ ရန်ကုန်ကစပြီး စီးနင်းလာခဲ့တာ ထိုင်းနိုင်ငံကို ၈ ရက်အကြာမှာ ရောက်ရှိလာခဲ့ပါတယ်။

မြဝတီဂိတ် မြန်မာအာဏာပိုင်တွေကတော့ ဒီစက်ဘီးအဖွဲ့ဟာ ပြည်ပကို ပထမဆုံး အဖွဲ့လိုက် စက်ဘီးစီးခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူကြောင်းပြောတယ်လို့ ချင်းမိုင်ကို ရောက်ရှိနေတဲ့ စက်ဘီးစီးအဖွဲ့က အသက် ၆၀ ကျော် ဦးစံက ပြန်ပြောပြပါတယ်။

ဒီအဖွဲ့မှာ လူငယ်တွေနဲ့အတူ အသက် ၆၀ ကျော် ၅ ယောက်လည်း စက်ဘီးစီးရာမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ခရီးစဉ်ကတော့ မိုင်ပေါင်း ၁၅၀၀ အထိ ရည်ရွယ်စီးနင်းမှာဖြစ်ပါတယ်။ ရန်ကုန်၊ ကျိုက်ထို၊ မော်လမြိုင်၊ ကော့ကရိတ်၊ မြဝတီ၊ မဲဆောက် ၁၀၅ မိုင် ချင်းမိုင် တောင်တက် တောင်ဆင်းတွေကို ဖြတ်ပြီး အပြန်ကိုတော့ တာချီလိတ်၊ ကျိုင်းတုံ၊ နမ့်မစန်၊ တောင်ကြီး၊ ကလော၊ ပျဉ်းမနား၊ မန္တလေး၊ ရန်ကုန်ကို ပြန်လည်ရောက်ရှိလာမယ်လို့ ဆိုပါတယ်။

သူတို့ရဲ့အဓိကရည်ရွယ်ချက်တွေကတော့ စီးနင်းသူနဲ့ ပတ်ဝန်းကျင်အတွက် အကျိုးပြုသလို သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်တာ အပါအဝင် စက်ဘီးစီးသူများလာအောင်၊ လူငယ်တွေ စက်ဘီးစီးတာ ပိုပြီး စိတ်ဝင်စားလာဖို့ ရည်ရွယ်တယ်လို့ ခရီးရှည်မှာ ပါဝင်တဲ့ ဦးစံက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013