DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ် လယ်ကွင်းအတွင်း၌ လူသေအလောင်း တွေ့ရှိ
DVB
·
March 14, 2017
ဖြူးမြို့နယ် လယ်ကွင်းအတွင်း၌ လူသေအလောင်း တွေ့ရှိ
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကျီးမနိုးကျေးရွာ အုပ်စု၊ ကျီမနိုးကွင်း (၂) လယ်ကွင်းအတွင်းမှာ မတ်လ ၁၃ ရက်နေ့ မနက် ၁၀ နာရီလောက်က သေဆုံးနေတဲ့ အမျိုးသားအလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲ့စခန်းက သိရပါတယ်။

"သေနေတာကတော့ လယ်ကွင်းထဲမှာဗျ။ သူ့အိမ်နဲ့တော့ ကိုက် ၁၀၀ လောက်ဝေးတယ်။ လည်ပင်းမှာ ကြိုးဒဏ်ရာနဲပေါ့။ အလောင်းကို ဆေးရုံပို့စစ်တော့ ပြင်ပဒဏ်ရာမရှိဘူး။ လည်ဆစ်ရိုးကျိုးပြီး သေတယ်ပေါ့။ ကြိုးဆွဲချသေတယ်လို့ ယူဆရပါတယ်" လို့ ညောင်ပင်သာ နယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ညောင်ပင်သာ နယ်မြေရဲတပ်ဖွဲ့စခန်းအပိုင် ကျီးမနိုးကျေးရွာအုပ်စု ကျီးမနိုးကွင်း (၂) မှာ နေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် ဦးကမလာပရ်ဆပ်ဟာ သူရဲ့နေအိမ်အနီး လယ်ကွင်းအတွင်းမှာ သေဆုံးနေတာ ဖြစ်ပြီး သေဆုံးနေသူရဲ့ အလောင်းကို ဖြူးမြို့နယ် ဆေးရုံကို ပိုဆောင်စစ်ဆေးရာမှာ ပြင်ပဒဏ်ရာ မရှိဘဲ လည်ဆစ်ရိုးကျိုး သေဆုံးနေတာတွေ့ရှိခဲ့တာပါ။

အလောင်းတွေ့ရှိတာနဲ့ပတ်သက်ပြီး ညောင်ပင်သာ နယ်မြေရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၇)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013