DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ်ကို ဗဟိုပြုပြီး ငလျင်လှုပ်၊ နေအိမ်အချို့ပျက်စီး၊ လူ ၂၀ကျော် ဒဏ်ရာရ (ဓာတ်ပုံ)
DVB
·
March 14, 2017
တိုက်ကြီးမြို့နယ်ကို ဗဟိုပြုပြီး ငလျင်လှုပ်၊ နေအိမ်အချို့ပျက်စီး၊ လူ ၂၀ကျော် ဒဏ်ရာရ (ဓာတ်ပုံ)
1 / 11
Donate to DVB

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်ကို ဗဟိုပြုပြီး မတ်လ ၁၃ ရက် ညပိုင်းက အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၈ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်နဲ့ နောက်ဆက်တွဲငလျင်တွေ လှုပ်သွားခဲ့တာကြောင့် အနည်းဆုံး လူ ၂၀ ကျော် ဒဏ်ရာရသွားပါတယ်။

ငလျင်ကြောင့် တိုက်ကြီးမြို့နယ်ထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ မြို့လည်ခေါင်ရှိ ဘုရားကြီးကျောင်းနဲ့ လူနေအိမ်တချို့ အုတ်နံရံပြိုကျခဲ့ပြီး မြို့နယ် ထွေအုပ်ရုံးရှိ မျက်နှာကြက်တွေ ပြိုကျခဲ့ကြောင်း၊ ခေါင်းမူးတဲ့ဝေဒနာရှင် အမျိုးသမီး အသက်ကြီးသူတချို့ ဆေးရုံကို ရောက်လာကြောင်းနဲ့ လူအသေအပျောက် မရှိကြောင်း တိုက်ကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ပြောပါတယ်။

ငလျင်ကြောင့် မနေ့ည ၁၁ နာရီအချိန်ထိ နောက်ဆုံးရသတင်းတွေအရ အမျိုးသမီး ၁၅ ဦး၊ အမျိုးသား ၅ ဦးနဲ့ ကလေး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကတော့ ငလျင်ကြောင့် ကျား ၇ ဦး၊ မ ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ငလျင်လှုပ်ခတ်မှုဒဏ်ကို ရန်ကုန်မြို့ နေရာအနှံ့အပြားအပြင် ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်း ဒေသကြီးထဲက မြို့နယ်တွေမှာလည်း သိရှိခံစားခဲ့ရပါတယ်။

ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013