DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 13, 2017
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ပြည်ပကို အဓိက တင်ပို့နေတဲ့ မတ်ပဲကတော့ ဒီနေ့မှာ တစ်တန်ကို ငွေကျပ် ၅၁၀၀၀ ထိ ဈေးကျသွားပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁၉၀၀၀၀ ကျပ်ပေါက်ဈေး ရှိနေပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံကလည်း ဒီနေ့မှာ ငွေကျပ် ၂၄၀၀၀ လောက်ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက တစ်တန်ကို ၇၆၅၀၀၀ ကျပ် ရှိပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့ပေါက်ဈေးကတစ်ပိဿာကို ၂၀၅၀ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀ ကျပ်လောက်ဈေးတက်လာပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီက တော့ တစ်ပိဿာကို ငါးဆယ်ကျပ် တက်လာပြီး ဒီနေ့ပေါက်ဈေးက ၁၁၅၀ ကျပ် ရှိပါတယ်။

ဖရဲသီး
မူဆယ်ကုန်စည်ဒိုင်မှာ တရုတ်နိုင်ငံကို အဓိက တင်ပို့နေတဲ့ ဖရဲသီး ၈၅၅ က တစ်တန်ကို ငွေကျပ် ၃၈၄၀၀ ထိ ဈေးမြင့်တက်လာပြီး ဒီနေ့ပေါက်ဈေးက တစ်တန်ကို ၄၆၀၈၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။

နှမ်းနက်
မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းနက် ဟာ တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက တစ်အိတ်ကို ၉၅၀၀၀ ကျပ်ပေါက်ဈေးရှိနေပါတယ်။

နှမ်းညို
နှမ်းညိုကတော့ ဒီနေ့ပေါက်ဈေးက ၈၃၀၀၀ ကျပ်ဈေးရှိပြီး ငွေကျပ် ၈၀၀၀ ဈေးတက်လာပါတယ်။

မကျည်းတောင့်
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ မကျည်းတောင့် ဟာ တစ်ပိဿာကိုငွေကျပ် ၁၅၉၀ ကျပ် ပေါက်ဈေးရှိပြီး ငွေကျပ် ၉၀ ကျပ်ဈေးတက်လာပါတယ်။

အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013