DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု ထိုင်းဥပဒေနှင့်အညီ သက်သာအောင်ဆောင်ရွက်မည်
DVB
·
March 13, 2017
လိပ်ကျွန်းလူသတ်မှု ထိုင်းဥပဒေနှင့်အညီ သက်သာအောင်ဆောင်ရွက်မည်
Donate to DVB

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် စိတ်ဝင်စားတဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း အမှုကိစ္စကို ထိုင်းနိုင်ငံ ဥပဒေနဲ့အညီ သက်သာမှုရရှိအောင် ဆောင်ရွက်သွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အခုလိုပြောပါတယ်။

“ဒါ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်၊ နိုင်ငံတော်ရဲ့ပုဂ္ဂိုလ် ကိုယ်တိုင် စိတ်ဝင်စားပါတယ်။ ဟိုနေ့ကပဲ သံရုံးကအဖွဲ့တွေ သွားပြီးတော့မှ ဆောင်ရွက်နေတယ်။ သက်ဆိုင်ရာ ဥပဒေနည်းအရ သူ့နိုင်ငံရဲ့ ဥပဒေအရ ဆောင်ရွက်တာဖြစ်တဲ့အတွက် ဥပဒေကြောင်းအရ တရားဥပဒေနည်းအရ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ သို့သော် ပြည်သူလူထုရဲ့ သဘောဆန္ဒတွေ ဖြစ်တဲ့အတွက် ထပ်ပြီးတော့ ဆောင်ရွက်နေပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမားအရေးကို ဆောင်ရွက်နေတဲ့ ရှေ့နေကြီး၊ မြန်မာအလုပ်သမားအရေးကို ဆောင်ရွက်နေတဲ့ ဦးချစ်ထွေးတို့လို လူမျိုးတွေရှိတယ်။ ထိုင်းမှာ ရောက်ရှိနေတဲ့ သံရုံးအဖွဲ့ဝင်တွေ ရှိတယ်။ အလုပ်သမား သံအရာရှိတွေ ရှိတယ်။ အဲဒီလူတွေကို အမြဲဆက်သွယ်ပြီးတော့မှ ဆောင်ရွက်နေပါတယ်။ ထိုင်းဥပဒေနဲ့အညီ တရားရုံးတွေကို တင်ပြပြီးတော့မှ ဆက်လက်ပြီး သက်သာရာသက်သာမှုရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

မတ်လ ၁၃ ရက်နေ့က နေပြည်တော်မှာရှိတဲ့ သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ “ကလေးလုပ်သားများ ပပျောက်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ” အပြီး သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုမှာ ဖြေကြားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013