DVB Logo
Home
မြန်မာသတင်း
၃ လကျော်ကြာ လူသတ် အလောင်းဖျောက်မှု၊ မိန်းမနှင့် စကားများရာမှ ပေါ်
DVB
·
March 13, 2017
၃ လကျော်ကြာ လူသတ် အလောင်းဖျောက်မှု၊ မိန်းမနှင့် စကားများရာမှ ပေါ်
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် အင်ပင်ရဲတပ်ဖွဲ့ စခန်းအပိုင်မှာ သုံးလကျော်ကြာ လူသတ် အလောင်းဖျောက်ထားရာမှ မိန်းမဖြစ်သူနဲ့ စကားများပြီး လူသတ်မှုပေါ်ပေါက်ခဲ့တယ်လို့ အင်ပင်ရဲစခန်းမှ သိရပါတယ်။

အင်္ဂပူမြို့နယ်၊ ဘုရားငုတ်တိုကျေးရွာအုပ်စု၊ သပြေကွင်းကျေးရွာနေ မခင်ဌေးဦးဟာ မတ်လ ၁၃ ရက်နေ့ နေ့လယ်က အင်ပင်ရဲတပ်ဖွဲ့စခန်းကို ရောက်ရှိလာပြီး အသက် ၃၁ နှစ်အရွယ် သိန်းကျော်နဲ့ မခင်ဌေးတို့ အတူပေါင်းသင်းနေထိုင်ကြပြီး   လွန်ခဲ့တဲ့ ၃ လကျော်လောက်က သိန်းကျော်ဟာ ပေါက်ခေါ်(ခ) ဝင်းအောင်နဲ့အတူ ထန်းရေ သောက်ရင်း စကားများရန်ဖြစ်ပြီး ထန်လှီးဓားနဲ့ ခုတ်သတ်ခဲ့ကာ တဲအနီးမှာ မြေကျင်းတူးပြီး အလောင်းဖျောက်ထားခဲ့တယ်လို့ အပ်ပင်ရဲစခန်းကို လာရောက်အကြောင်းကြားခဲ့တာပါ။

သိန်းကျော်နဲ့ ဇနီး မခင်ဌေးတို့ဟာ စကားများပြီး ကွဲနေရာမှ လူသတ်မှုဖြစ်စဉ်ကို မခင်ဌေးက အင်ပင်ရဲတပ်ဖွဲ့စခန်းကို အကြောင်းလာတဲ့အတွက် ရဲစခန်းက အမှုဖွင့်ကာ သိန်းကျော်ကို    ဖမ်းဆီးခဲ့ပြီး ထူးကြီးစခန်းကနေ အင်ပင်စခန်းကို လွှဲပြောင်းခဲ့ကာ လာရောက်သတင်းပေးတဲ့ မခင်ဌေးကို စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

အင်ပင်ရဲတပ်ဖွဲ့စခန်းက သိန်းကျော်ကို အမှုကြီးအမှတ် ၆၊ ရာဇာသတ်ကြီးပုဒ်မ လူသတ်မှု ၃၀၂၊ အလောင်းဖျောက်ဖျက်မှု ပုဒ်မ ၂၀၁ တို့နဲ့ အမှုဖွင့်ထားပါတယ်။

သတ်ပြီးမြေမြှုပ်ထားတဲ့အလောင်းကို ဖော်ယူစစ်ဆေးနိုင်ဖို့အတွက် မြန်အောင်မြို့နယ်ကို တင်ပြထားပြီး အလောင်းကို အမြန်ဖော်စစ်ဆေးနိုင်ဖို့နဲ့ အမြန်တရားစွဲတင်နိုင်ဖို့တွေ လုပ်ဆောင်နေတယ်လို့ အင်ပင်နယ်မြေရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ် ဇော်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013