DVB Logo
Home
မြန်မာသတင်း
အင်းလေးကန် ရေရှည်တည်တံ့ရေး ကျပ်သန်း ၄၀၀ သုံးစွဲမည်
DVB
·
March 13, 2017
အင်းလေးကန် ရေရှည်တည်တံ့ရေး ကျပ်သန်း ၄၀၀ သုံးစွဲမည်
Donate to DVB

 

အင်းလေးကန်ရေရှည်တည်တံ့ရေးအတွက် သီးသန့်ရန်ပုံငွေမှ ကျပ်သန်း ၄၀၀ သုံးစွဲသွားဖို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုသတ်မှတ်လိုက်ပါတယ်။

မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ အရေအတွက်များတဲ့အတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရသုံးဆိုင်ရာ သီးသန့်ရန်ပုံငွေမှ ကျပ်သန်း ၄၀၀ ခွဲဝေသုံးစွဲမယ့်ကိစ္စရပ်ကို  လွှတ်တော်က ခွင့်ပြုကြောင်း ကြေညာသွားပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက  အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် သီးသန့် ရန်ပုံငွေကို သုံးစွဲတဲ့အခါ သက်ဆိုင်ရာ အဖွဲ့အစည်းအနေနဲ့ ပွင့်လင်းမြင်သာစွာနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရှိလုပ်ဆောင်ဖို့လိုတယ်လို့ပြောပါတယ်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက “လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးသွားတဲ့အတိုင်း သီးသန့်ရန်ပုံငွေတွေကို သုံးစွဲတဲ့အခါမှာ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းတွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရန်၊ တာဝန်ယူမှု တာဝန်ခံမှုရှိရန်နဲ့ အကျိုးသက်ရောက်မှုတွေကိုလည်း တိတိကျကျတိုင်းတာနိုင်ရန်အတွက် အလေးထား ဆောင်ရွက်ကြ ရမှာ ဖြစ်ပါတယ်” လို့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ပါတယ်။

အင်းလေးကန်ဟာ နိုင်ငံတော်ရဲ့ အထင်ကရ ခရီးသွားနေရာတစ်ခုဖြစ်တဲ့အတွက် သီးသန့်ရန်ပုံငွေက ကျပ်သန်း ၄၀၀ ခွဲဝေသုံးခွင့်ပြုဖို့ ပြည်သူ့လွှတ်တောက်ကိုယ်စားလှယ် ၆ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီအင်းလေးကန် ရေရှည်တည်တံ့ရေးလုပ်ငန်းတွေအတွက် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု ဘဏ္ဍာငွေ အရသုံးဆိုင်ရာဥပဒေပါ သီးသန့်ရန်ပုံငွေက ကျပ်သန်း ၄၀၀ ခွဲဝေသုံးခွင့်ရရေးအတွက် နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

သတင်း - အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013